Pages

Friday, February 15, 2013

ယမန်နေ့ညပိုင်းက အလုံသင်္ဘောကျင်းဝန်ထမ်းများ ဆန္ဒထုတ်ဖော်မှု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိ

အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက်
ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။

ဝန်ထမ်းမိသားစုများက ကျောင်းစာမေးပွဲများ ပြီးစီးမှသာ ရွှေ့ပြောင်းရန်
ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စသော အချက် ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျော
ပေးခဲ့ကြောင်း သိရသည်။

"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေ
ထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။

"ပြေလည်သွားပါပြီ။ သူတို့တောင်းဆိုတာ ငါးချက် ရှိတယ်။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်

အဆင်မပြေမှုတွေ ရှိနိုင်တာကြောင့် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်
ပေးသွားမှာပါ" ဟု ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။

အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်း
ဝန်ထမ်းအိမ်ရာ မိသားစုများ နေထိုင်ကြကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

အလုံသင်္ဘောကျင်းဝန်ထမ်းအိမ်ရာ(ဧရာဝတီရပ်ကွက်)ကိုသာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့  ရွှေ့ပြောင်း
ခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။ ၀န်ထမ်းမိသားစုများက ကျောင်းစာမေးပွဲများ ပြီးစီးမှသာ ရွှေ့ပြောင်းရန် ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စသော အချက် ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျော ပေးခဲ့ကြောင်း သိရသည်။

"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေ ထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။

"ပြေလည်သွားပါပြီ။သူတို့တောင်းဆိုတာငါးချက်ရှိတယ်။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်

အဆင်မပြေမှုတွေရှိနိုင်တာကြောင့်လိုအပ်တဲ့ပံ့ပိုးမှုတွေပုလုပ်ပးသွားမှာပါ"ဟု ဦးဆောင်ညွှန်ကြားရေးမှူး
က ဆိုသည်။

အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ မိသားစုများ နေထိုင်
ကြကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal

0 comments:

Post a Comment