Pages

Friday, February 15, 2013

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်က လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌ လမ်းဘေးဈေးသည်အချို့နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။ စည်ပင်သာယာမှ ဝန်ထမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း များအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ ပူးပေါင်း၍ သတ်မှတ် ချက်နှင့် မကိုက်ညီသော လမ်းဘေးဈေးသည်များအား လိုက်လံအ
ရေးယူ ရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ညနေ ၃ နာရီကနေ ည ၈ နာရီထိပဲရောင်းရတာ သိတယ် ဒီလို ရောင်းရတဲ့အခါ ဈေးဦးတောင် မပေါက်ကြဘူး။ ဒါပေမယ့် အခု လည်း ၃ နာရီ မထိုးသေးတဲ့ အတွက် ဈေးလည်း မရောင်းဘူး။ နေရာ လေးဦး
ထားတဲ့ ဟာကို လူ ၂၀ လောက်က ကျွန်မ ဈေးဘန်းကို သိမ်းသွား တယ်။ သိမ်းတာတောင် ရိုးရိုးတန်းသိမ်းတာ မဟုတ်ဘူး။ ရေခွက်ကို ခွဲသွား တယ်။ ကားပေါ် ပစ္စည်းတွေ ပစ်တင်သွားတယ်။ ကျွန်မရဲ့ အရင်းအနှီးတော့ ကုန်ပါပြီ" ဟု ပစ္စည်းများ အသိမ်းခံရသူ လမ်းဘေးဈေးသည် တစ်ဦးက ပြော သည်။

သတ်မှတ်ချက်နှင့် မညီသော ဈေးသည်များ၏ ပစ္စည်းများကို သိမ်းဆည်း ပြီး သက်ဆိုင်ရာ တရားရုံးသို့ အပ်နှံရကြောင်းနှင့် တရားရုံးမှ ဒဏ်ငွေ ရိုက်ကာ ပစ္စည်းများကို ပြန်လည်ထုတ်ပေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ဈေးများဌာနမှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ဆိုသည်။

ယနေ့ ဖြစ်ပွားမှုတွင် ပစ္စည်းသိမ်းရာ၌ စည်ပင်ဝန်ထမ်းများက ဆဲဆို ကြိမ်းမောင်းကာ အတင်းလုယူ သိမ်းဆည်းသွားကြောင်းနှင့် အချို့ ပစ္စည်းအချို့ကိုလည်း ချိုးဖဲ့ ဖျတ်ဆီးသွားကြောင်း လမ်းဘေးဈေးသည်
ဒေါ် ညွှန့်ညွှန့်လွင်ကပြောသည်။

"သူတို့ ဒီလို လာလုပ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ ပထမနေ့က အဲလိုတော့ မဟုတ်ဘူး။ ၃ နာရီမထိုးခင် ရောင်း
တဲ့ ဈေးသည်တွေ ဆီက ပစ္စည်းတွေ ကို သိမ်းသွားတာပဲ။ ဘာမှ တော့ ပြသနာ အကြီးအကျယ်မဖြစ်ဘူး။ ဒီနေ့ တော့ တော်တော်ဆိုးတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ဦးရွှေ ပိတောက်ဟု ဆိုသူကလည်း" ဖန်ခွက်
ခွဲတာဟာအရမ်းကိုမိုက်ရမ်းတာဥပဒေမှာဖန်ခွက်ခွဲရမယ် ဆိုတာမပါဘူး။လမ်းဘေးဈေးသည်တွေရဲ့ နောက်
မှာ သားသမီးတွေ သက်ကြီးရွယ်အိုတွေရှိတယ်။ မိသားစု ၅ ယောက် လောက်က မှီခိုနေကြရတာ၊ ဘယ်လိုခံ
စားရလဲဆိုတာ မစာနာဘူး"ဟုဆိုသည်။

"ဥပဒေဆိုတာတစ်ပြေးညီဖစ်သင့်တယ်။အားလုံးတစ်ပြေးညီလုပ်သင့်တယ်။နာက်ပြီး ကျွန်တော်တို့အတွက်
 ဈေးရောင်းခွင့်ကို၈နာရီအစား၁၀နာရီ လိုအပ်တယ်။ ဒါမှ ထမင်းစားရမှာလေ။ ကျနော်တို့အနေနဲ့ သတ်မှတ် ချက်ဥပဒေတွေနဲ့ စည်းကမ်းတစ်ကျ ရောင်းမယ်။ အဲလိုမှ မှားခဲ့ရင် ဥပဒေ အတိုင်း အရေးယူ" ဘားလမ်းနှင့်
 မဟာဗန္ဓုလလမ်းထောင့်တွင် ထီးရောင်း နေသူ ဦးသန်းထွန်းက ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ဆက်လျဉ်းပြီးစည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ ဦးအောင်ဇော်
မိုးက "စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို စည်း ကမ်းထိမ်းသိမ်းတာ" ဟုသာ ဖြေကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွင် ပစ္စည်းများ ပျတ်ဆီးမှုနှင့် ပက်သက်၍ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

စူးရှ
ဓါတ်ပုံ - စူးရှ 
The Myanma Age

0 comments:

Post a Comment