Pages

Saturday, January 26, 2013

ပည်ာရှင်တွေလာရောက်ပြီးအသိပညာ၊အတတ်ပညာ၊နည်းပညာ တွေကိုတက်ရောက်သူအချင်းချင်းအပြန်အလှန်ဆွေးနွေးလို့ ရတဲ့  Mandalay Barcamp3 ကို ယနေ့ကျင်းပပြုလုပ်

ဘားကမ့် မန္တလေးပွဲတွင် Dimond Sponsor ဖြစ်သော
ထိုင်ဝမ်နိုင်ငံအခြေစိုက် HTC Mobile ပြခန်း
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ

နယ်ပယ်အသီးသီး၊ဘာသာရပ်ပေါင်းစုံက ပည်ာရှင်တွေလာရောက်ပြီးအသိပညာ၊အတတ်ပညာ၊နည်းပညာ တွေကိုတက်ရောက်သူအချင်းချင်းအပြန်အလှန်ဆွေးနွေးလို့ ရတဲ့  Mandalay Barcamp3 ကို မန္တလေးမြို့  ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊၃၂ လမ်းနှင့် ၃၃ လမ်းကြားမှာရှိတဲ့ ရွှေဖြူပလာဇာမှာ ယနေ့ ၂၆.၁.၂၀၁၃ ရက်နေ့ မှာစတင်ကျင်းပခဲ့ ပါတယ်။
ယခုကျင်းပတဲ့ ပွဲဟာ မန္တလေးမြို့ မှာတတိယအကြိမ်မြောက်ကျင်းပတဲ့ ပွဲဖြစ်ပြီး ၂၆.၁.၂၀၁၃ နေ မှ့ ၂၇.၁.၂၀၁၃ရက်နေ့ ထိ နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။ယခုကျင်းပတဲ့  Barcamp Mandalay ပွဲကို ရန်ကုန်မြို့ မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ် ဘလော့ ဂါ တဦးလည်းဖြစ်တဲ့  ကိုနေဘုန်းလတ် လည်းတက်ရောက်ခဲ့ ပြီး “The Roll of CJ in future Myanmar” ခေါင်းစဉ်နဲ့ ဟောပြောခဲ့ ပါတယ်။မန္တလေးမြို့ ခံစာရေးဆရာတဦးဖြစ်တဲ့ ဆရာသိုက်ထွန်းသက် ကလည်း”ကျော်ဟိန်းကိုလူတိုင်းကသိဖို့ လိုတယ်”ခေါင်းစဉ်နဲ့ ဟောပြောခဲ့ ပါတယ်။
Barcamp ပွဲများကို ယခု ၂၀၁၃ ခုနှစ်ထဲမှာပဲ လားရှိုး၊ရန်ကုန် နဲ့ မန္တလေးမြို့ များမှာကျင်းပခဲ့ နိုင်ခဲ့ ပြီး လူငယ်အများအပြားသာမက လူကြီးများပါစိတ်ပါဝင်စားမှုရှိခဲ့ ပါတယ်။ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ — 

0 comments:

Post a Comment