Pages

Saturday, January 26, 2013

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှု
အား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊
အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်းဇာတ်ကားနယ်ကျော်ပြသခြင်းမျိုး ဖြစ်နေ
သည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။“ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်
ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေနဲ့ ပြသခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှားရမ်းပြီးတော့ ပြသရာမှာ လမ်းမပေါ် ရောက်
တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။ 

ဥပဒေ အရလည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသ
ခွင့် ရှိမှာပါ။ အဝေးပြေးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါ
မယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခု
တာ့ အဝေးပြေးကားပေါ်မှာ ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ 

ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွား
ပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ပါသည်။


လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှု

အား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။


EMG

0 comments:

Post a Comment