Pages

Saturday, January 26, 2013

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီမှ လူလည်ကြနေ (တိုင်ကြားစာ)

((( တာမွေမှာ .. သောင်းကျန်းနေတဲ့- ကြံ့  ဖွတ် ဒုစရိုက် သမားတွေ ))

ကြံ့  ဖွတ် ဦးခင်မြင့်ဆိုသူမှာလည်း ပုဒ်မ (၁၅-က) နှင့်လည်းကောင်း၊
ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်းကောင်း ထောင် (၂) ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီး ရပ်ကွက်၏ နယ်နှင်ဒဏ်ခံထားရသူတစ်ဦး ဖြစ် ...
--------------------------------------------------------------------------------------
(Via-Wei Lynne)
January 20

    လူလည်ကျသော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ကြံ့ ဖွတ် အုပ်ချူပ်ရေးမှူး၏ အရှုပ်တော်ပုံ။

    ကျွန်တော်တို့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများ
 ဖြစ်ပါသည်။ ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီ၏ လူလည်ကြပုံများကို တင်ပြတိုင်ကြားလိုပါသည်။

    ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီး ဆယ်အိမ်စု မဲစာရင်းများခွဲရာတွင် ၄င်းတို့ လိုအပ်သလို ဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်း မရှိသည့်အခါ အိမ်ထောင်စု (၆) ဦး - (၇) ဦးတို့ဖြင့် ဖွဲ့ပြီး ဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။ လက်ရှိအုပ်ချုပ်ရေးမှူး “ဦးမြင့်ကျော်” သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဆယ်စုမှူးများရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်စီစဉ်ကာ ထိုဆယ်အိမ်စုမှူးများအား မဲဆွယ်စည်းရုံးပြီး အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်နေရာရရန် စီစဉ်ဆောင်ရွက်သွားသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် ဆယ်အိမ် စုမှူး (၆၄) ဦး ရွေးချယ်ခဲ့ရာ (၅၀) ဦးသည် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြပါသည်။

    ရွေးချယ်ထားသော ဆယ်စုမှူးများထဲတွင် ဒုစရိုက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီး ယခုလက်ရှိ ဒူစရိုက်မှု့များ ပြုလုပ်နေသူများလည်း ပါဝင်နေပါသည်။ ထိုသူများမှာ -

    (၁)။ ဦးကြူလွင် (ခ) ရဲခေါင်သည် ပုဒ်မ (၁၅-က) ချဲထီလောင်းကစားမှုဖြင့် ထောင်ဒဏ် (၃) နှစ် ကျခံဘူးသူဖြစ်ပြီး ယခုအခါ ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် စည်းရုံးရေးမှူးတာဝန်ယူထားသူ နာမည်ပျက်ရှိသူ ဖြစ်ပါသည်။ ၄င်းသည် ဆယ်စုမှူးအဖြစ် ၀င်ရောက်အရွေးချယ်ခံနိုင်ရန် ရပ်ကွက်နေ ပြည်သူများအား ပါတီမှ ချေးငွေများကို (၁) ဦးလျှင် အတိုး (၈၀၀၀) ကျပ်လျော့ပေးမည်ဟု ပြောပြီး မဲဆွယ်စည်းရုံးကာ လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။

    (၂)။ ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့် နေထိုင်ပြီး ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် အမှုဆောင်တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည် ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အချုပ်ခံခဲ့ဘူးသူတစ်ဦး ဖြစ်ပါသည်။

    (၃)။ ဦးချိုအေး (ခ) ရေခဲသည် ဆယ်စုမှူးအဖြစ် အရွေးချယ်ခံရရန် လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲဆွယ်စည်းရုံးပြီး ရေခဲမှတစ်ဆင့် ၄င်းအုပ်ချုပ်ရေးမှူး ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ချိုအေး (ခ) ရေခဲသည် ရပ်ကွက်ထဲတွင် ယခုအချိန်အထိ ချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။

    (၄)။ ဦးခင်မြင့်ဆိုသူမှာလည်း ပုဒ်မ (၁၅-က) နှင့်လည်းကောင်း၊ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်
လည်းကောင်း ထောင် (၂) ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီး ရပ်ကွက်၏ နယ်နှင်ဒဏ်ခံထားရသူ
တစ်ဦး ဖြစ်ပါသည်။ ၄င်းကိုလည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပြီး 
သူ့  (မြင့်ကျော်) အား အုပ်ချုပ်ရေးမှူး ပြန်ဖြစ်အောင် မဲပေးစေခဲ့ပါသည်။

    လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် “ရဲခေါင် (ခ) ကြူလွင်” နှင့် “ညွန့်ရှိန်” တို့သည် ဆယ်စုမှူးများထဲတွင် ၄င်းတို့ ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင် ဆောင်ရွက်ပြီး မသမာမှု့များဖြင့်” မြင့်ကျော်” မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကို ရပ်ကွက်နေပြည်သူများအားလုံး အသိဖြစ်ပါသည်။

    အုပ်ချုပ်ရေးမှူး “မြင့်ကျော်” သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှင့် ပြည့်စုံသူ မဟုတ်ပါ။ သူသည် ၄င်း၏ မိန်းမ မသေဆုံးခင် မယားပြိုင်အဖြစ် “စန်းစန်းဦး” ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါသည်။ ယခုအခါတွင် “မရီ” ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏ နေအိမ်တွင် အတိအလင်းနေထိုင်နေသူ ဖြစ်ပါသည်။ “စန်းစန်းဦး” ဆိုသည့် မိန်းကလေးနှင့် “မြင့်ကျော်” သည် သာကေတ ရှု့ခင်းသာအိမ်ရာ တိုက် (အေ) အခန်းအမှတ် (၅၀၈) တွင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ ၄င်းယာယီသန်းခေါင်စာရင်းအား အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ “ဦးမျိုးသန့်ဇင်” ဆိုသူမှ ထုတ်ပေးထားသည်ဟု စုံစမ်းသိရှိရပါသည်။ “စန်းစန်းဦး” သည် ကျွန်တော်တို့ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ တိုက်အမှတ် (၁၅) တွင် လက်ရှိနေထိုင်နေသူ ဖြစ်ပါသည်။ မြင့်ကျော်နှင့် စန်းစန်းဦးတို့အကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး စုံစမ်းမေးမြန်းကြည့်နိုင်ပါသည်။

    ထိုအကြောင်းအရာများကို ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်း ရပ်ကွက်ကော်မရှင်မှလည်း မည်သို့မျှ အရေးမယူဘဲ မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။ ထိုကော်မရှင်ထဲတွင်ပါသူ (၅) ဦးအနက် (၃) ဦးသည် ဆယ်စုမှူးအဖြစ် ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင် မဲပေးခဲ့သည်ကို စုံစမ်းသိရှိရပါသည်။ နောင်မှ သိရသည်မှာ ထို ရပ်မိရပ်ဖ (၃) ဦးသည်လည်း မြင့်ကျော်မှ စည်းရုံးထားသည့်သူများ ဖြစ်ကြောင်း သိရှိရပါသည်။

    သို့ဖြစ်ပါသဖြင့် ထိုတရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအား အသိအမှတ် မပြုပါရန်နှင့် မသမာမှုပြုခဲ့သည့် ရပ်ကွက်ရပ်မိရပ်ဖများ၊ နာမည်ပျက်ရှိသည့် ကြံ့ခိုင်ရေးပါတီမှ လူများအား အရေးယူပေးပါရန် လူကြီးမင်းတို့ထံမှ တဆင့် တင်ပြတောင်းဆိုအပ်ပါသည်။

လူလည်ကျသော အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ကြံ့ ဖွတ် အုပ်ချူပ်ရေးမှူး၏ အရှုပ်တော်ပုံ။
ကျွန်တော်တို့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများ
ဖြစ်ပါ

သည်။ ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြံ့ခိုင်ရေးပါတီ၏ လူလည်ကြပုံများကို တင်ပြတိုင်ကြားလိုပါသည်။ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် ရပ်ကွက်စာရေးမနှင့်ပူးပေါင်းပြီး ဆယ်အိမ်စု မဲစာရင်းများခွဲရာတွင် ၄င်းတို့ လိုအပ်သလို ဆယ်စုမှူးများဖွဲ့ပြီး ပြုလုပ်ပါသည်။ နောက်ဆုံးတွင် ဆယ်စုမှူးအလိုက် ဖွဲ့စည်းနိုင်ခြင်း မရှိသည့်အခါ အိမ်ထောင်စု (၆) ဦး - (၇) ဦးတို့ဖြင့် ဖွဲ့ပြီး ဆယ်စူမှူးများ ရွေးချယ်ခဲ့ပါသည်။
လက်ရှိအုပ်ချုပ်ရေးမှူး “ဦးမြင့်ကျော်” သည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဆယ်စုမှူးများရွေးချယ်ရာ
တွင် ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်စီစဉ်ကာ ထိုဆယ်အိမ်စုမှူးများအား မဲဆွယ်စည်းရုံးပြီး အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်နေရာရရန် စီစဉ်ဆောင်ရွက်သွားသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် ဆယ်အိမ် စုမှူး (၆၄) ဦး ရွေးချယ်ခဲ့ရာ (၅၀) ဦးသည် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြပါသည်။

ရွေးချယ်ထားသော ဆယ်စုမှူးများထဲတွင် ဒုစရိုက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့သူများပါဝင်ပြီး ယခုလက်ရှိ ဒူစရိုက်မှု့များ ပြုလုပ်နေသူများလည်း ပါဝင်နေပါသည်။ ထိုသူများမှာ -

(၁)။ ဦးကြူလွင် (ခ) ရဲခေါင်သည် ပုဒ်မ (၁၅-က) ချဲထီလောင်းကစားမှုဖြင့် ထောင်ဒဏ် (၃) နှစ် ကျခံဘူး

သူဖြစ်ပြီး ယခုအခါ ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် စည်းရုံးရေးမှူးတာဝန်ယူထားသူ နာမည်ပျက်ရှိသူ ဖြစ်ပါ
သည်။ ၄င်းသည် ဆယ်စုမှူးအဖြစ် ၀င်ရောက်အရွေးချယ်ခံနိုင်ရန် ရပ်ကွက်နေ ပြည်သူများအား ပါတီမှ
 ချေးငွေများကို (၁) ဦးလျှင် အတိုး (၈၀၀၀) ကျပ်လျော့ပေးမည်ဟု ပြောပြီး မဲဆွယ်စည်းရုံးကာ လက်ရှိ
အုပ်ချုပ်ရေးမှူး မြင့်ကျော်အား ပြန်လည်ရွေးချယ်မဲပေးရန် လိုက်လံစည်းရုံးခဲ့ပါသည်။

(၂)။ ဦးညွန့်ရှိန်သည် အိုးပိုင်အိမ်ပိုင်မရှိဘဲ အိမ်ငှားဖြင့် နေထိုင်ပြီး ရပ်ကွက်ကြံ့ခိုင်ရေးပါတီတွင် အမှုဆောင်

တာဝန်ယူထားသူ ဖြစ်ပါသည်။ ၄င်းသည် ကားစပယ်ယာတစ်ဦးဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အချုပ်ခံခဲ့ဘူး
သူတစ်ဦး ဖြစ်ပါသည်။

(၃)။ ဦးချိုအေး (ခ) ရေခဲသည် ဆယ်စုမှူးအဖြစ် အရွေးချယ်ခံရရန် လက်ရှိ အုပ်ချုပ်ရေးမှူး မြင့်ကျော်မှ မဲ

ဆွယ်စည်းရုံးပြီး ရေခဲမှတစ်ဆင့် ၄င်းအုပ်ချုပ်ရေးမှူး ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ချိုအေး (ခ)
 ရေခဲသည် ရပ်ကွက်ထဲတွင် ယခုအချိန်အထိ ချဲဒိုင်ခံနေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ကြံ့ခိုင်ရေး ပါတီဝင်တစ်
ဦးလည်း ဖြစ်ပါသည်။

(၄)။ဦးခင်မြင့်ဆိုသူမှာလည်းပုဒ်မ (၁၅-က) နှင့်လည်းကောင်း၊ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့်လည်းကောင်း

ထောင် (၂) ကြိမ်ကျဘူးသူတစ်ဦးဖြစ်ပြီး ရပ်ကွက်၏ နယ်နှင်ဒဏ်ခံထားရသူတစ်ဦး ဖြစ်ပါသည်။ ၄င်းကို
လည်း မြင့်ကျော်မှ ဆယ်စုမှူးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပြီး သူ့  (မြင့်ကျော်) အား အုပ်ချုပ်ရေးမှူး ပြန်
ဖြစ်အောင် မဲပေးစေခဲ့ပါသည်။

လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ကျော်အား အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် “ရဲခေါင် (ခ) ကြူလွင်” နှင့် ညွန့်ရှိန်”တို့သည်ဆယ်စုမှူးများထဲတွင်၎င်းတို့ ကြံ့ခိုင်ရေးပါတီဝင်များ အများစုပါဝင်အောင်

ဆောင်ရွက်ပြီး မသမာမှု့များဖြင့်” မြင့်ကျော်” မဲရရှိအောင် ဆောင်ရွက်ခဲ့သည်ကို ရပ်ကွက်နေပြည်သူများ
အားလုံး အသိဖြစ်ပါသည်။

အုပ်ချုပ်ရေးမှူး “မြင့်ကျော်” သည် အုပ်ချုပ်ရေးမှူးအင်္ဂါရပ်များနှင့် ပြည့်စုံသူ မဟုတ်ပါ။ သူသည် ၄င်း၏ မိန်းမ မသေဆုံးခင် မယားပြိုင်အဖြစ် “စန်းစန်းဦး” ဆိုသူ မိန်းကလေးကို လက်ထပ်ပေါင်းသင်းယူထားပါ

သည်။ ယခုအခါတွင် “မရီ” ဆိုသော မိန်းကလေးကို တရားဝင်ယူပြီး ၄င်း၏ နေအိမ်တွင် အတိအလင်းနေ
ထိုင်နေသူ ဖြစ်ပါသည်။ “စန်းစန်းဦး” ဆိုသည့် မိန်းကလေးနှင့် “မြင့်ကျော်” သည် သာကေတ ရှု့ခင်းသာ
အိမ်ရာ တိုက် (အေ) အခန်းအမှတ် (၅၀၈) တွင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်နေပါသည်။ 

၎င်းယာယီသန်းခေါင်စာရင်းအား အပိုင်ဆယ်အိမ်မှူး တိုက် (အေ) အခန်းအမှတ် (၁၀၄)နေ “ဦးမျိုးသန့်ဇင်” ဆိုသူမှ ထုတ်ပေးထားသည်ဟု စုံစမ်းသိရှိရပါသည်။ “စန်းစန်းဦး” သည် ကျွန်တော်တို့ ဗျိုင်းရေအိုးစင်ကွက်
သစ်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ တိုက်အမှတ်(၁၅)တွင်လက်ရှိနေထိုင်နေသူ ဖြစ်ပါသည်။ မြင့်ကျော်နှင့်
စန်းစန်းဦးတို့အကြောင်းကိုလည်း ပတ်ဝန်းကျင်ရှိသူများ အားလုံးအသိဖြစ်ပြီး စုံစမ်းမေးမြန်းကြည့်နိုင်ပါ
သည်

ထိုအကြောင်းအရာများကို ရပ်ကွက်ကော်မရှင်ထံ တင်ပြတိုင်ကြားခဲ့သော်လည်းရပ်ကွက်ကော်မရှင်မှလည်း

မည်သို့မျှ အရေးမယူဘဲ မြင့်ကျော်အား အတည်ပြုလိုက်သည်ကို တွေ့ရှိရပါသည်။ ထိုကော်မရှင်ထဲတွင်ပါသူ
 (၅) ဦးအနက် (၃) ဦးသည် ဆယ်စုမှူးအဖြစ် ရွေးချယ်ခံပြီး မြင့်ကျော်ကိုပင် မဲပေးခဲ့သည်ကို စုံစမ်းသိရှိရပါ
သည်။ နောင်မှ သိရသည်မှာ ထို ရပ်မိရပ်ဖ (၃) ဦးသည်လည်း မြင့်ကျော်မှ စည်းရုံးထားသည့်သူများ ဖြစ်
ကြာင်း သိရှိရပါသည်။

သို့ဖြစ်ပါသဖြင့် ထိုတရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအား အသိအမှတ် မပြုပါရန်နှင့် မသမာမှုပြုခဲ့သည့် ရပ်ကွက်ရပ်မိရပ်ဖများ၊ နာမည်ပျက်ရှိသည့် ကြံ့ခိုင်ရေးပါတီမှ လူများအား အရေးယူပေးပါရန် လူကြီးမင်းတို့

ထံမှ တဆင့် တင်ပြတောင်းဆိုအပ်ပါသည်။



တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူများ
(Via-Wei Lynne)
January 20

0 comments:

Post a Comment