Pages

Saturday, January 26, 2013

အမှုများ ရင်ဆိုင်နေရသူ အုပ်ချုပ်ရေးမှူးဖြစ်နေသည့် သက္ကယ်ပြင်ကျေးရွာ


ဧရာဝတီတိုင်းဒေသကြီး သက္ကယ်ပြင်ကျေးရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ရွာသူရွာသားမျာ
က ကျေနပ်မှု မရှိသဖြင့် အသစ်ပြန်လည်ရွေးချယ်ပေးစေလိုကြောင်း သိရသည်။

  ရပ်ရွာကြည်ညိုလေးစားရမဲ့သူမဖြစ်တာရယ်။သူက ရပ်ရွာကောင်းကျိုးကိုလုပ်ပေးနိုင်မယ်လို့ လည်း မထင်
ဘူး။ လက်ရှိသူက ပုဒ်မ(၃)ခုနဲ့တရားရုံးမှာရင်ဆိုင်နေရတယ်။ ဟု သက္ကယ်ပြင်ကျေးရွာအုပ်စုသဲထုံးရွာသား
တစ်ဦးက ပြောသည်။
 
ယခုရပ်/ကျေးကိစ္စအပေါ်တွင် ပြန်လည်ရွေးချယ်မည်၊ မရွေးချယ်မည်ကို ရပ်/ကျေးဥပေဒ အတိုင်းသာ လုပ်
ဆာင်သွားမည်ဖြစ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်အောင်ဝင်းက ပြောသည်။
 
ကျွန်တော် ဥပဒေအတိုင်းပဲ ဆောင်ရွက်ပါမယ်။ ကျွန်တော်ရပ်/ကျေးဥပဒေ အတိုင်းပဲ ဆောင်ရွက်  နေပါ
တယ် ။ ပြည်သူ့ရဲ့ဆန္ဒကိုခံယူရပါမယ်။ ပြည်သူကကြိုက်တယ်ဆိုတဲ့ဟာကို ကျွန်တော်က ငြင်းပယ်ရင် ကျွန်
တ်ာက   ပြည်သူ့ဆန္ဒကိုငြင်းပယ်ရာကျမှာပေါ့။ ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်အောင်ဝင်းက
ပြောသည်။
 
ဦးတင်အောင်ဝင်းသည် သက္ကယ်ပြင်ကျေးရွာတွင် (၄) နှစ် နီးပါးခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်
ထမ်းဆောင်နေ ဆဲဖြစ်သည်။
 
သက္ကယ်ပြင်ကျေးရွာအုပ်စုရှိ သဲထုံးကျေးရွာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး
ပသာနြာ ဖစ် ပွားခဲ့သည်ကို ရွာသူရွာသားများမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ပုဒ်မ(၄) ခုဖြစ်သည့် ပုဒ်မ -၂၉၄၊ ၂၉၅ (က)၊ ၅၀၆၊ ၁၁၄ ပုဒ်မဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။
 
သက္ကယ်ပြင်ကျေးရွာအုပ်စုသည် ကျေးရွာ (၇) ရွာနှင့်ဖွဲ့စည်းထားသော ကျေးရွာဖြစ်သည်။

မြစ်မခမီဒီယာ
 

0 comments:

Post a Comment