Pages

Saturday, January 26, 2013

အွန်လိုင်းတွင် အစ္စလာမ့်ဆန့်ကျင်ရေးများ လုပ်ဆောင်၍ ဘာသာရေး အဓိကရုဏ်းဖန်တီးနေသူများအား စိန်ခေါ်ကြောင်း ကြေညာချက်

အွန်လိုင်းတွင် အစ္စလာမ့်ဆန့်ကျင်ရေးများ လုပ်ဆောင်၍ ဘာသာရေး အဓိကရုဏ်းဖန်တီးနေသူများအား စိန်ခေါ်ကြောင်း ကြေညာချက်
========================================

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အင်တာနက်တွင် ဘလောက်များ၊ ၀ဘ်ဆိုဒ်များ၊ ဖဘအကောင့်ထ်များ တည်ထောင် ဖွင့်လှစ်၍ အစ္စလာမ်သာသနာတော်မြတ်နှင့်ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များကို ရေးသားဖြန့်ချိနေ သူများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုသူများသည် စစ်အာဏာရှင်ဟောင်းများ၏ လက်ပါးစေများနှင့် လူမျိုးရေးအစွန်းရောက်၊ ဘာသာရေး အစွန်းရောက်၊ ရခိုင်လူမျိုးအချို့ဖြစ်နိုင်သည်ဟု နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါသည်။ ၎င်းတို့သည် မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များကို အသုံးပြု၍ နာမည်ဝှက်အမျိုးမျိုးဖြင့် အကောင့်ထ်များစွာ ဖွင့်၍ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသား လူနည်းစု မွတ်စလင်မ်များနှင့် အထူးသဖြင့် လူအများစု ဗုဒ္ဓဘာသာ ၀င်များအကြား အမုန်းတရားများ ကြီးထွားလာပြီး၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများဖြစ်ပေါ်လာအောင် စနစ်တကျ လှုံ့ဆော် လျှက်ရှိသည်ကို လေ့လာသိရှိရပါသည်။ ထိုသို့ ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းများဖြစ်ပေါ်လာအောင် လှုံ့ဆော်နေကြ သည့် အစ္စလာမ်ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ၊ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်များ၏ လုပ်ဆောင်ချက်များ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြား တည်ဆဲဥပဒေများနှင့် ဆန့်ကျင်လျှက် ရှိပါသည်။ ထို့ပြင် ၎င်းတို့၏ ယုတ် မာကောက်ကျစ်၍ လူသားမဆန်သော၊ ယဉ်ကျေးမှု အဆင့်အတန်းနိမ့်ကျသော၊ လုပ်ဆောင်ချက်များသည် မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ခြိမ်းခြောက်လျှက် ရှိပါသည်။

သို့ပါ၍ ၎င်းတို့အနေနှင့် အစ္စလာမ်သာသနာတော်မြတ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာကိုမဆို မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ၊ အူရ်ဒူ၊ တူရ်ကီ၊ ဖာရ်စီ၊ မလေးစသည့် ဘာသာစကားများအနက်မှ မည်သည့်ဘာသာစကားဖြင့်မဆိုများ ဆွေးနွေးလိုပါက ကျွန်ုပ်တို့ အစည်းအရုံးမှ ဦးဆောင်၍ အစ္စလာမ့် သာသနာ့ပညာရှင်ကြီးများကို ပင့်ဖိတ်၍ ၎င်းတို့နှင့် Debate များကို မီဒီယာများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏ ရှေ့မှောက်များတွင် ကျင်းပပေးသွားပါမည်။ ထို့ကြောင့် အစ္စလာမ့်ဆန့်ကျင်ရေးသမားများ၊ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်များအနေနှင့် ကျွန်ုပ်တို့၏ စိန်ခေါ်ချက်ကို လက်ခံပါက ကျွန်ုပ်တို့အား မည်သည့်အချိန်တွင်မဆို ဆက်သွယ် နိုင်ကြောင်း ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သား များအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ရှိပါသည်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ
အထွေထွေအတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များအစည်းအရုံး
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
Web: http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ

http://www.scribd.com/doc/121778374/BMY-s-Statement-7-2013


http://www.mediafire.com/view/?k21vnyxnepn8klt

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အင်တာနက်တွင် ဘလောက်များ၊ ၀ဘ်ဆိုဒ်များ၊ Facebook အကောင့်များ
တည်ထောင် ဖွင့်လှစ်၍ အစ္စလာမ်သာသနာတော်မြတ်နှင့်ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များကို ရေးသားဖြန့်ချိနေ သူများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုသူများသည် စစ်အာဏာ
ရှင်ဟောင်းများ၏ လက်ပါးစေများနှင့် လူမျိုးရေးအစွန်းရောက်၊ ဘာသာရေး အစွန်းရောက်၊ ရခိုင်လူမျိုးအချို
့ဖြစ်နိုင်သည်ဟု နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါသည်။ ၎င်းတို့သည် မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းအချက်အလက်များကို အသုံးပြု၍ နာမည်ဝှက်
အမျိုးမျိုးဖြင့်အကောင့်ထ်များစွာဖွင့်၍ မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တိုင်းရင်းသား၊ နိုင်ငံသား လူနည်း
စု မွတ်စလင်မ်များနှင့် အထူးသဖြင့် လူအများစု ဗုဒ္ဓဘာသာ ၀င်များအကြား အမုန်းတရားများ ကြီးထွားလာ
ပြီး၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများဖြစ်ပေါ်လာအောင် စနစ်တကျ လှုံ့ဆော် လျှက်ရှိသည်ကို လေ့
လာသိရှိရပါသည်။ 
 
ထိုသို့ဘာသာရေးအဓိကရုဏ်း၊လူမျိုးရေးအဓိကရုဏ်းများဖြစ်ပေါ်လာအောင်လှုံ့ဆော်နေကြသည့် အစ္စလာမ်
ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ၊ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်များ၏ လုပ်ဆောင်
ချက်များ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြား တည်ဆဲဥပဒေများနှင့် ဆန့်ကျင်လျှက် ရှိပါ
သည်။ ထို့ပြင် ၎င်းတို့၏ ယုတ် မာကောက်ကျစ်၍ လူသားမဆန်သော၊ ယဉ်ကျေးမှု အဆင့်အတန်းနိမ့်ကျ
သော၊ လုပ်ဆောင်ချက်များသည် မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ခြိမ်းခြောက်လျှက် ရှိပါသည်။

သို့ပါ၍ ၎င်းတို့အနေနှင့် အစ္စလာမ်သာသနာတော်မြတ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာကိုမဆို
 မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ၊ အူရ်ဒူ၊ တူရ်ကီ၊ ဖာရ်စီ၊ မလေးစသည့် ဘာသာစကားများအနက်မှ မည်သည့်
ဘာသာစကားဖြင့်မဆိုများ ဆွေးနွေးလိုပါက ကျွန်ုပ်တို့ အစည်းအရုံးမှ ဦးဆောင်၍ အစ္စလာမ့် သာသနာ့
ပညာရှင်ကြီးများကို ပင့်ဖိတ်၍ ၎င်းတို့နှင့် Debate များကို မီဒီယာများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏
ရှေ့မှောက်များတွင် ကျင်းပပေးသွားပါမည်။ 
 
ထို့ကြောင့် အစ္စလာမ့်ဆန့်ကျင်ရေးသမားများ၊ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်များအ
နေနှင့် ကျွန်ုပ်တို့၏ စိန်ခေါ်ချက်ကို လက်ခံပါက ကျွန်ုပ်တို့အား မည်သည့်အချိန်တွင်မဆို ဆက်သွယ် နိုင်
ကြောင်း ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံ
တော်၏ ပြည်သူပြည်သား များအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ရှိပါသည်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ
အထွေထွေအတွင်းရေးမှူး
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို
ချစ်မြတ်နိုးသော ဗမာမွတ်စလင်မ်လူငယ်များအစည်းအရုံး
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
Web: http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ

http://www.scribd.com/doc/121778374/BMY-s-Statement-7-2013


http://www.mediafire.com/view/?k21vnyxnepn8klt

0 comments:

Post a Comment