Pages

Saturday, January 26, 2013

၂၆.၁.၂၀၁၃ မှာကျရောက်မယ့် အမေများနေ့ကို ဂုဏ်ပြုပါတယ်

"ပြာသိုလပြည့်အမေနေ့"
(ကမ္ဘာလောကကြီးက အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်)

အမေ ..
နှလုံးသားထဲက စမ်းရေ
တသွင်သွင် စီးဆင်းခဲ့ပေမယ့်
သောက်သုံးရမှန်း မသိခဲ့ပါဘူးအမေ ။

အမေ ..
ဘ၀လောကဓံလှိုင်းတွေ
တန်ပြန်ရိုက်ခတ်စဉ်တုန်းက
အမေ့အကာအကွယ်ကို အလေးမထား
အပြေးအလွှာ ရှောင်ခဲ့တယ်အမေ ။

အမေ ..
သားသမီးအတွက်ဆို
တောင်တွေကျော် တောတွေဖေါက်လို့
အမောတွေ ပျောက်ခဲ့ပေမယ့်
အိမ်ပြန်ချိန် ရေတိုက် ယပ်ခတ်ဖို့ထက်
အပြုံးလေးနဲ့ ဆီးကြိုဖို့တောင် မေ့နေတယ်အမေ ။

အမေ ..
ခုတော့ဖြင့် ဘ၀လောကဓံကြားမှာ
သားတို့ သမီးတို့အတွက်တော့
အမေဟာ အား၊ အမေဟာ ဘဝ
အမေဟာ အလှသခင်ပါပဲအမေ ။

အရှင်ဝါယာမသီဟ

❁ အမျိုးကောင်းသားမှ ကူးယူဖော်ပြပါသည်။

‎"ပြာသိုလပြည့်အမေနေ့"
(ကမ္ဘာလောကကြီးက အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်)

အမေ ..
နှလုံးသားထဲက စမ်းရေ
တသွင်သွင် စီးဆင်းခဲ့ပေမယ့်
သောက်သုံးရမှန်း မသိခဲ့ပါဘူးအမေ ။
အမေ ..
ဘ၀လောကဓံလှိုင်းတွေ
တန်ပြန်ရိုက်ခတ်စဉ်တုန်းက
အမေ့အကာအကွယ်ကို အလေးမထား
အပြေးအလွှာ ရှောင်ခဲ့တယ်အမေ ။

အမေ ..
သားသမီးအတွက်ဆို
တောင်တွေကျော် တောတွေဖေါက်လို့
အမောတွေ ပျောက်ခဲ့ပေမယ့်
အိမ်ပြန်ချိန် ရေတိုက် ယပ်ခတ်ဖို့ထက်
အပြုံးလေးနဲ့ ဆီးကြိုဖို့တောင် မေ့နေတယ်အမေ ။

အမေ ..
ခုတော့ဖြင့် ဘ၀လောကဓံကြားမှာ
သားတို့ သမီးတို့အတွက်တော့
အမေဟာ အား၊ အမေဟာ ဘဝ
အမေဟာ အလှသခင်ပါပဲအမေ ။

အရှင်ဝါယာမသီဟ

  အမျိုးကောင်းသား

0 comments:

Post a Comment