Pages

Sunday, December 16, 2012

ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သကပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဗြိတိန်နိုင်ငံခြားရေး ဒုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခိုင်ပြည်နယ်ကပဋိပက္ခ၊ကချင်ပြည်နယ်စစ်ပွဲနဲရန်ကုန်
မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သကပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.HugoSwire uရန်ကုန်မြို့ကိုပေးနေတဲ့လျှပ်စစ်က၁၉၄၀ လောက်ကလုပ်ခဲ့တာက
ဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ကျွန်တော်တောင်စဉ်းစားမိပါတယ်။လုပ်ငန်းကြီး
ပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်သံရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့လာမယ့်၁၀ နှစ်မှာလျှပ်စစ်၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာလိုအပ်
တာကိုကူညီဖို့ ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ကုန်သွယ်ရေးအဖွဲ့ကိုဦးဆောင်ပြီး မြန်မာနိုင်ငံကို
လာတာလို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့သင့်မြတ်လာရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်တဲ့အကြောင်း
၊ အမုန်းတရားတွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိ
လာမယ့်အကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။

ဗြိတိန်သံအမတ်ကြီး Mr. Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးMr. Hugo Swireတို့ဟာရခိုင်ပြည်နယ်မှာဖြစ်
ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အခြေချနေထိုင်တဲ့ဘင်္ဂါလီလူမျိုးတွေအရေးနဲ့ပတ်သက်ပြီးစစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ
 ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ မနေ့ မနက်(၁၁) နာရီမှာ သီးသန့် ဆွေးနွေးခဲ့ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment