Pages

Sunday, December 16, 2012

ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံဆောက်လုက်ခွင့် ရွှေတောင်ကုမ္ပဏီရရှိ

Photo: ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံဆောက်လုက်ခွင့် ရွှေတောင်ကုမ္ပဏီရရှိ		

SUNDAY, 16 DECEMBER 2012 11:11


ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံအား ဆောက်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ပြုလုပ်သော ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိပ်ကမ်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လဟာပြင်ဈေးမြေနေရာမှာ အထပ်မြင့်အဆောက်အုံ ဆောက်လုပ်ခွင့်ကို ၃၄ ထပ်အထိ ခွင့်ပြုပေးထားတယ်။ ဒါပေမယ့် အထပ်မြင့်အဆောက်အုံတွေ ဆောက်မယ်ဆိုရင် မြေငလျင်အန္တရာယ်ကို ထည့်သွင်း စဉ်းစားပြီးမှ တည်ဆောက်ပါလို့ နိုင်ငံတော်သမ္မတကြီးက ပြောထားပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါသည်။

အဆိုပါအဆောက်အအုံအား 'ဂျန်းရှင်းမြို့တော်' ဟု အမည်ပေးထားပြီး နိုင်ငံတကာအဆင့်မီ တိုက်ခန်းများ၊ ကွန်ဒိုများ၊ အိမ်ရာများ၊ ရုံးခန်းနေရာများ အဆင့်မြင့်ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်ကာ၊ ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်မည်ဟု သတင်းရရှိပါသည်။

ရွှေတောင်ကုမ္ပဏီသည် လုပ်ငန်းနယ်ပယ်များစွာ လုပ်ကိုင်သည့် လုပ်ငန်းစုတစ်ခုဖြစ်ပြီး စွမ်းအင်၊  ဆောက်လုပ်ရေး၊ အင်ဂျင်နီယာ လုပ်ငန်းများ၊ အိမ်ခြံမြေ၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ဖျော်ဖြေရေး၊ ဈေးဝယ်စင်တာ၊ ဟိုတယ်၊ အာမခံ စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ရွှေတောင်ကုမ္ပဏီများအုပ်စုကို ဦးအိုက်ထွန်း (အာရှဓနဘဏ်၊ အိုလံပစ် ဆောက်လုပ်ရေး) က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လုပ်ကိုင်နေပြီး  ဦးအိုက်ထွန်း၏သား ဦးအောင်ဇော်နိုင်က အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ ရွှေတောင်အုပ်စုတွင်  Shwe Taung Energy Co., Ltd၊ Golden Tri Star Co., Ltd၊ Shwe Taung Energy Co., Ltd၊ Octagon International Co., Ltd၊ Octagon International Services Co., Ltd၊ High Tech Concrete Co., Ltd၊ Shwe Taung Cement Co., Ltd၊ High Tech Concrete Technology Co., Ltd၊ Future Energy Co., Ltd တို့ ပါဝင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ယင်းသို့ ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံတည်ဆောက်ရန် ရွှေတောင်ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့အကြား သဘောတူစာချုပ်အား မကြာမီချုပ်ဆိုသွားရန်ရှိကြောင်း သိရှိရပါသည်။

ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာအား တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group

ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိလဟာပြင်ဈေး မြေကွက်လပ်နေရာ
တွင် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံအား ဆောက်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
 ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရှိရပါသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ပြုလုပ်သော ရန်ကုန်ဆိပ်
ကမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိပ်ကမ်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး
ချုပ်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လဟာပြင်ဈေးမြေနေရာမှာ အထပ်မြင့်အဆောက်အုံ ဆောက်လုပ်ခွင့်ကို ၃၄ ထပ်အထိ ခွင့်ပြုပေးထားတယ်။ ဒါ
ပေမယ့် အထပ်မြင့်အဆောက်အုံတွေ ဆောက်မယ်ဆိုရင် မြေငလျင်အန္တရာယ်ကို ထည့်သွင်း စဉ်းစားပြီးမှ တည်
ဆောက်ပါလို့ နိုင်ငံတော်သမ္မတကြီးက ပြောထားပါတယ်'ဟုရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြော
ပါသည်။

အဆိုပါအဆောက်အအုံအား 'ဂျန်းရှင်းမြို့တော်' ဟု အမည်ပေးထားပြီး နိုင်ငံတကာအဆင့်မီ တိုက်ခန်းများ၊ ကွန်
ဒိုများ၊ အိမ်ရာများ၊ ရုံးခန်းနေရာများ အဆင့်မြင့်ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်ကာ၊ ရွှေတောင်ကုမ္ပဏီမှ တည်
ဆောက်မည်ဟု သတင်းရရှိပါသည်။

ရွှေတောင်ကုမ္ပဏီသည် လုပ်ငန်းနယ်ပယ်များစွာ လုပ်ကိုင်သည့် လုပ်ငန်းစုတစ်ခုဖြစ်ပြီးစွမ်းအင်၊ ဆောက်လုပ်ရေး
၊ အင်ဂျင်နီယာ လုပ်ငန်းများ၊ အိမ်ခြံမြေ၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ဖျော်ဖြေရေး၊ ဈေး
ဝယ်စင်တာ၊ ဟိုတယ်၊ အာမခံ စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ရွှေတောင်ကုမ္ပဏီများအုပ်စုကို ဦးအိုက်ထွန်း (အာရှဓနဘဏ်၊ အိုလံပစ် ဆောက်လုပ်ရေး) က ဥက္ကဋ္ဌအဖြစ် ဦး
ဆာင်လုပ်ကိုင်နေပြီး ဦးအိုက်ထွန်း၏သား ဦးအောင်ဇော်နိုင်က အုပ်ချုပ်မှုဒါရိုက်တာအဖြစ်တာဝန်ယူထားသည်
။ ရွှေတောင်အုပ်စုတွင် Shwe Taung Energy Co., Ltd၊ Golden Tri Star Co., Ltd၊ Shwe Taung Energy Co., Ltd၊ Octagon International Co., Ltd၊ Octagon International Services Co., Ltd၊ High Tech Concrete Co., Ltd၊ Shwe Taung Cement Co., Ltd၊ High Tech Concrete Technology Co., Ltd၊ Future Energy Co., Ltd တို့ ပါဝင်
ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ယင်းသို့ ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံတည်ဆောက်ရန် ရွှေတောင်ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်
မတီတို့အကြား သဘောတူစာချုပ်အား မကြာမီချုပ်ဆိုသွားရန်ရှိကြောင်း သိရှိရပါသည်။


  
Eleven Media Group

0 comments:

Post a Comment