Pages

Sunday, December 16, 2012

ဒီဇင်ဘာ၁၄ရက် နံနက်လှုတ်ခတ်ခဲ့သော ခင်ဦးမြို့နယ် ငလျင်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်

စစ်ကိုင်း- ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကပိုင်ကျေးရွာ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄.၈ ရှိ ငလျင်တစ်ခု ဒီဇင်ဘာ၁၄ရက် နံနက်၈း၅၀ကလှုပ်ခဲ့ ရာ
ရွာသာယာကျေးရွာ၊ တွဲဘက်အ
လယ်တန်းကျောင်းရှိ ၁၀ ပေပတ်လည် ၄ ခန်း အနက် (၂) ခန်းပြိုကျအက်ကွဲခြင်း၊ ရုံးပင်ကျေးရွာ၊ အောင်ချမ်းသာကျောင်းရှိ ဇေယျသုခကျောင်းဆောင်မှ မြင့်မိုရ် ၂ ဖက်အက်ကွဲခြင်း၊
စေတီတော်ရှိ ထီးတော်ယိုင်ခြင်း၊ သုဓမ္မသိင်္ဂီကျောင်းဆောင်ရှိ မြင့်မိုရ် ၁ ဖက်ကွာ ကျပြီး ၁ ဖက်အက်ကွဲခြင်း
၊ ကုလားလူးကျေးရွာရှိ ဆောက်လုပ်ဆဲ အခြေခံမူလတန်းကျောင်းမှ ၃ x ၂ ပေအခန်း ၅ ခန်းတွင် အုတ်များ
၊ မြင့်မိုရ်မျက်နှာကျက်များကွာကျခြင်း၊ ကဘွက်ကျေးရွာရှိ ကျောင်းစာကြည့်တိုက်နံရံ ယိုင်နဲ့အက်ကွဲ၍ အင်္ဂ
တများကွာကျခြင်း၊ သစ္စာတော်ပြည့်စေတီ ဘုံ(၇)ဆင့် အောက်မှ ဘုရားဆောင်နံရံ အက်ကွဲကွာကျခြင်း၊

ဘုရားဆောင်အမိုးကွဲအက်ခြင်း၊ ၅ ပေခန့်ရှိ ငှက်ပျောဖူး ယိုင်ခြင်း၊သရက်ကုန်းရွာ ကျောက်ပုစွန်း ဘုန်းတော်
ကြီးကျောင်းရှိ မီးစက်ခန်းနံရံ ကွာကျပျက်စီးခြင်း များဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျေးရွာများသို့ကုန်းကြီးရဲစခန်း
မှ တပ်ဖွဲ့ဝင်များသွားရောက်၍ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်ပျက်စီးဆုံးရှုံးမှုအားတွက်ချက်လျက်
ရှိ ကြောင်း သိရသည်။
 
 
သတင်း-ရဲဇာနည်
 
Popular Myanmar News

0 comments:

Post a Comment