Pages
Sunday, December 16, 2012
"မြန်မာနိုင်ငံတွင် အစားထိုးဆေးရုံကြီး ပေါ်လာပြီ"
အစားထိုးကုသခြင်းအတွက်အသဲ၊ကျောက်ကပ်၊နှလုံး၊ခြေလက်များကိုအစားထိုးကုသသည့် နည်းပညာများ
မှာနိုင်ငံတကာ၌ခေတ်စားနေသော်လည်းမြန်မာနိုင်ငံတွင်မူအစားထိုးဆေးးရုံကြီးပေါ်ပေါက်လာရာ၎င်းအစား
ထိုးဆေးရုံကြီးမှာ အခြားနိုင်ငံများနှင့် မတူကြောင်း ကြားသိရသည်။
 အရေပြားအစားထိုးခြင်း၊မျက်နာပြောင်းလဲသွားရန်အစားထိုးခြင်းနှင့်ဥဏှောက်အစားထိုးခြင်း တို့ ကို ပြုပြင်
နိုင်သည်ဟုအမည်ဖေါ်ပြသောသတင်းဋ္ဌါနများကိုကိုးကားပြီးယနေထုတ်သတင်းစာများနှင့် သမ္မတ၀က်ဘ်
ဆိုက်များမှာပင် ထည့်သွင်းဖေါ်ပြရလောက်အောင်အထိ နာမည်ကြီး သတင်းတခုဖြစ်နေသည် ။
ဟော်လီဝုဒ်၌ ရုပ်ရှင်ရိုက်သည့်အခါ လူ့ မျက်နာကို အခြားလူမျက်နာကဲ့ သို့  ပြောင်းလဲထားပြီး ရိုက်ကူးသော ဇါတ်လမ်းများရှိနေသကဲသိုမြန်မာနိုင်ငံတွင်လည်းမျက်နာပြောင်းလဲနေသောဇါတ်လမ်းမျိုးဖြင့် ဇါတ်လမ်းများ
ကိုလည်း ရိုက် ကူးနေကြပြီဖြစ်သည် ။
ယခုအစားထိုးဆေးရုံကြီးမှာ၎င်းကဲသိုစိတ်ကူးယဉ်ဇါတ်လမ်းမျိုးမဟုတ်ဘဲလက်တွေဆန်သောမျက်နာပြောင်း
လဲခြင်းမျိုးဖြစ်သည်ဟုအရေးပေါ်ခွဲစိတ်ဆရာဝန်ကြီးမှ တရားဝင်ထုတ်ဖေါ်ပြောဆိုပါသည် ။ အရေပြားခွဲစိတ်
ရာ၌မလိုလားအပ်သောရောဂါပိုးမွှားကူးစက်ခြင်းနှင့်ကင်ဆာရောဂါမကူးစက်စေရန် နိုင်ငံခြားမှ ဆေးဝါးများ
ကို မှာယူထားရာ အများဆုံးကြိုတင်မှာယူထားသော ဆေးဝါးနှင့် အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများ
မှာ တရုပ်နိုင်ငံမှဟု သတင်းကြေညာချက်မှာ ဖေါ်ပြထားသည်။
လတ်တလောတွင်၎င်းအရေပြားခွဲစိတ်ကုသမှုများကိုမျက်နာကြီးငွေကြေးရှိသူများနှင့်စစ်ဖက်ဆိုင်ရာ လူအ
များ စိတ်ဝင်စားသူများက ခွဲစိတ်ကုသခံယူကြမည်ဟု သိရှိရသည် ။
အရေပြားအစားထိုးခွဲစိတ်ခံယူခြင်းကိုအောင်မြင်မှုရှိမရှိသိရှိရအောင်စမ်းသတ်မှုတခုကိုလည်း မနက်ဖန်စမ်း
သတ်ပြီး အမှန်တကယ်အောင်မြင်မှုရှိပါက ကမ္ဘာသို့  ၄င်းတို့ ၏ စမ်းသတ်တီထွင် မှုမှာ အောင်မြင်ကြောင်း ထုတ်ဖေါ်ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသည် ။
၎င်းစိတ်ဝင်စားဘွယ်ရာ အစားထိုးဆေးရုံမှာ နေပြည်တော်၌ ရှိနေပြီး မနက်ဖန်စမ်းသတ်ခြင်းကို မန္တလေးမြို့ တွင် ရဟန်းသင်္ဃာများနှင့် လက်တွေ့ စမ်းသတ်ကြမည်ဟု သိရှိရသည် ။ 
အရေပြားစမ်းပ်သည်ဆိုခြင်းမှာ စမ်းသပ်သူနဂိုရ်မူလပိုင်ရှင်၏ မျက်နာပျောက်နေပြီး လူအများမြင်လျှင် လူများကဖြစ်စေချင်သော မျက်နာသွင်ပြင်မျိုး ဖြစ်နေပါက ၄င်းစမ်းသပ်မှုမှာအောင်မြင်ပြီဟု ပြော၍ ရပါကြောင်း နေပြည်တော်အစားထိုးဆေးရုံကြီးမှ လာသောသတင်းအရ သိရှိရနေကြပါသည် ။
   အထူးသဖြင့် မျက်နာအစားထိုးပညာမှာ အောင်မြင်မှုများရရှိခဲ့ ပါကငွေကြေးချမ်းသာသူများမှာ မိမိတို့ ၏ မျက်နာကို သူခိုးငတက်ပြားမျက်နာမျိုးလို ခွဲစိတ်နိုင်သလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မီးလောင်ဗုံးဖေါက်ခွဲသူ၏ မျက်နာမျိုးအားလည်း ခွဲစိတ်ပြုပြင်ကြမည်ဟု  ကြားသိနေရပါသည် ။
 ထိုကြောင့်ယင်းသိုခွဲစိတ်ပြီးမြောက်သွားသူများကလူအများကိုမိမိကိုယ့်ကို   နှိမ့်ချပြီးခိုးယူခဲ့ သော ငွေကြေး
များ၊စိန်၊ရွှေ၊ငွေများ၊ဘဏ်စာရင်းများကိုအလွဲသုံးစားလုပ်မှုများကတောင်းပန်လိုက်ရုံနှင့် ချက်ချင်းစာနာစိတ်
များ ၀င်သွားပြီး ခွင့်လွှတ်စိတ် များ ဖြစ်ပေါ်သွားသည်ဟုလည်းသတင်းများ ရရှိပါတော့သည် ။
ထိုကြောင့်လူသတ်သမားများ၊အကြမ်းဖက်သမားများမှာ၎င်းအစားထိုးခွဲစိတ်ကုသမှု အထူးအောင်မြင်သွားပါ
ကမြန်မာနိုင်ငံပြည်သူရဲတွင် အမှုအခင်းများ ပပျောက်ပြီး တရားရုံးများ လည်းတရားခံနည်းပါး မည်ဖြစ်ပါသည် ။
 လူမစည်ကားအပ်သောအရာဆိုသည်မှာတရားရုံးမဟုတ်တော့ကြောင်း ပြောဆိုနိုင်သည်အထိ  ကြုံလာပြီဖြစ်သည်ဟုလည်းပြော၍ ရလာပြီဖြစ်သည်ဟု ပြောဆိုဝေဖန်နေကြပါသည်  ။
ကိုပြန်မလှည့်လိုသောသူများ၏ ပူးပေါင်းပြီး ဆောင်ရွက်မှုကြောင့် ယခုလို မြန်မာနိုင်ငံ၌ အရေပြားအစားထိုး စမ်းသတ်မှု အောင်မြင်လာရာ မနက်ဖန် မန္တလေးမြို့ ၌ စမ်းသတ်တော့မည်ဖြစ်ပါကြောင်း နိုင်ငံတော် သမ္မတ၀ပ်ဆိုက်မှာပင် ကြိုတင်ကြေညာနေကြပါတော့သည်
shwemyanmar
0 comments:
Post a Comment