Pages

Sunday, December 16, 2012

ဂျေဆင်မရက်ဇ်ပါဝင်ဖျော်ဖြေမည့် တေးဂီတဖျော်ဖြေပွဲ ကျင်းပချိန်အတွင်း ရှင်စောပုလမ်းနှင့်အလုံလမ်း ကြားရှိ ပြည်လမ်းမကြီးအား ခေတ္တပိတ်ထားမည်

ကမ္ဘာကျော်အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ်ပါဝင်ဖျော်ဖြေမည့် တေးဂီတဖျော်ဖြေပွဲကိုရန်ကုန်မြို့၊ ပြည်သူ့ရင်
ပြင်၌ ကျင်းပချိန်အတွင်း ယနေ့ညနေ ၄ နာရီမှ ဒီဇင်ဘာ ၁၇ ရက် နံနက် ၅ နာရီအထိ ရှင်စောပုလမ်းနှင့်အလုံလမ်း
ကြားရှိ ပြည်လမ်းမကြီးအား ခေတ္တပိတ်ထားမည်ဖြစ်သည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့် MTV EXIT တို့မှပူးပေါင်း၍ လူကုန်ကူးမှု အန္တရာယ် အသိပညာပေး တေးဂီတဖျော်ဖြေပွဲကို အခမဲ့ ကျင်းပခြင်းဖြစ်သည်။


ဂီတဖျော်ဖြေပွဲ အပြန်ခရီးအတွက် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီယာဉ်လိုင်း ကိုးလိုင်း၊ ခရီး
သည်တင် ဘတ်စ်ကား (၇၅) စီး စီစဉ်ထားရှိပြီး အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal 

0 comments:

Post a Comment