Pages

Sunday, December 16, 2012

"မုံရွာမြို့နယ်စည်ပင်သာယာရေးအ ဖွဲ့မှ အမှိုက်သိမ်းကား မလာသည့် ရပ်ကွက်များကိုပါ အမှိုက်သိမ်းကားကြေး ငွေလိုက်လံကောက်ခံနေလျှက်ရှိ"

မုံရွာမြို့ပေါ်ရှိရပ်ကွက် တော်တော်များသို့ မုံရွာစည်ပင်သာယာမှ အမှိုက်သိမ်းကားများ လာရောက်အမှိုက်သိမ်း
ဆည်းခြင်းမရှိဘဲ အညစ်အကြေးခွန် ဟုဆိုကာ မုံရွာမြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများက ငွေလိုက်လံ
ကာက်ခံနေလျှက်ရှိသည်ဟု မုံရွာမြို့ အလယ်ရပ်ကွက် တွင် နေထိုင်သည့် ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရသည်။ကျွန်မတို့ရပ်ကွက်မှာစည်ပင်ကအမှိုက်သိမ်းကားမလာတာ နှစ်နဲ့ချီပြီးကြာ နေပြီ ။ရပ်ကွက်ကလုပ်ထားတဲ့ အမှိုက်
သိမ်းကားနဲ့ဘဲပြစ်နေ တာပါ။(၁)လကို(၁၅၀၀ိ-/)ကျပ်ပေးရတယ်။အဲဒါကိုလာပြီး စည်ပင်က၀န်ထမ်း ကလာပြီး (၁
)နှစ်စာ အမှိုက်သိမ်းခနဲ့ အညစ်အကြေးခွန် ဆိုပြီး လာတောင်းနေတယ်။ 
 
အရှက်မရှိတဲ့ မုံရွာစည်ပင်သာယာက ပြောသွား ပါသေးတယ် ၀န်ကြီးချုပ် ဦးသာအေး အမိန့်နဲ့တောင်းတာလို
့လည်း ပြောသွားတယ်"ဟု ပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါ တယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးဆိုသူကလည်း တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးတင်ဝင်း ဆိုသူ
အား ခန့်ရုံသာခန့်ထားပြီး မည်သည့် လုပ်ပိုင် ခွင့် ဆုံဖြတ်ခွင့် တစ်စုံတစ်ရာမရှိကြောင်း ။ဦးတင်ဝင်း ဆိုသူက နာ
မည်ခံသက်သက်သာဖြစ်ပြီး ဆုံးဖြတ်ခွင့် ငွေကြေးသုံးစွဲခွင့်တွေမရှိ ကြောင်း ၀န်ကြီးချုပ် ဦးသာအေး ဆိုသူကသာ ချုပ်ကိုင်ထားကြောင်းကို လည်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ၀န်ထမ်းတစ်ဦး၏ပြောပြချက်များအရ သိရပါ
သည်။
 
 
ThanLarWaddy Times

0 comments:

Post a Comment