Pages

Saturday, November 10, 2012

အမေရိကန် F-22 Raptor တိုက်လေယာဉ်များတွင် အောက်ဆီဂျင်စနစ်သစ် တပ်ဆင်မည်


အမေရိကန် လေတပ်သည် ၎င်းတို့၏ ဝေဟင်စိုးမိုးရေး မဟာဗျူဟာမြောက် တိုက်လေယာဉ်များဖြစ်သည့် F-22 Raptorများအတွက် အောက်စီဂျင် အပိုဆောင်း ဖြည့်တင်းရေး စနစ်တစ်ခုကို တပ်ဆင်သွားမည် ဖြစ်
သည်။
Lockheed Martin ကုမ္ပဏီသည် ဒေါ်လာ (၁၁.၉)သန်းတန် စာချုပ်တစ်ရပ်ဖြင့် လေယာဉ်များတွင် ယင်းစနစ်
သစ် တပ်ဆင်ရေးအတွက် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ လေယာဉ်ပျံ ထုတ်လုပ်ရေး ကုမ္ပဏီကြီးသည်
 လေတပ်၏ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များအတွက် အောက်စီဂျင်စနစ် အပိုဆောင်းစနစ် အားလုံး တပ်ဆင်ပြီး သီးခြား အရန်စနစ် (၅)ခုကိုလည်း ထားရှိပေးရမည် ဖြစ်သည်။


လေတပ်သည် ယခင်ကလည်း ယင်းစနစ်အတွက် ယူနစ်(၄၀)စာနှင့် အပိုဆောင်း ယူနစ်(၁၀)ခုစာ ဝယ်ယူ
ခဲ့သေးသည်။ F-22များသည် အမေရိကန် လေတပ်တစ်မျိုးတည်းသာ ကမ္ဘာပေါ်တွင် အသုံးပြုပြီး မဟာမိတ်
နိုင်ငံများသို့ပင် လက်လွှဲရောင်းချခြင်း မရှိသည့် တစ်ခုတည်းသော တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး Lock
heed Martinက လေတပ်အတွက် (၁၈၇)စင်း ထုတ်လုပ်ပေးရန် စာချုပ်ထားသည်။

 လေယာဉ်တစ်စင်းလျှင် ဒေါ်လာ သန်း(၁၅၀)ကျော် ကျသင့်ပြီး ကမ္ဘာပေါ်တွင် ဝေဟင်စီးချင်း တိုက်ပွဲများ
အတွက် အကောင်းဆုံးသော မဟာဗျူဟာမြောက် လေယာဉ်အဖြစ် နာမည်ကြီးနေသည်။ Lockheed Martin
သည် ယင်းလေယာဉ်ကို Boeingအင်ဂျင်နှင့် ပူးပေါင်းကာ စီမံကိန်း ရံပုံငွေ ဒေါ်လာ (၆၆)ဘီလျံ အကုန်အကျ
ခံ တီထွင်ခဲ့ခြင်း ဖြစ်သည်။


Planet Myanmar Network:

0 comments:

Post a Comment