Pages

Saturday, November 10, 2012

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး


မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်း များ မှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ခဲ့သော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (Myanmar National League) များ အတွက် မြန်မာ
နိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ အပြိုင်အဆိုင် တည်ထောင်ခဲ့ကြပြီး ယခု ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဘောလုံးအသင်းများအတွက် ကုန်ကျစ ရိတ်ငွေ နှစ်စဉ် သိန်းသောင်း
ချီ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု အသင်းပိုင်ရှင်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေ အသင်းပိုင်ရှင်လည်းဖြစ်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးလည်း ဖြစ်သူ ဦးဝင်းမြင့်က အသင်းအတွက် လစဉ် သိန်းရာချီ အသုံးပြုနေရပြီး အသင်းစတင် တည်
ထောင်ချိန်မှ ယခုအချိန်အထိ သိန်း ၃ သောင်းကျော် အသုံးပြုထားပြီး ယင်းငွေကြေးများမှာ စိုက်ထုတ် သုံးစွဲ
ထားခြင်း ဖြစ်ကြောင်း၊ အကျိုးအမြတ် မရရှိကြောင်း တွေ့ ဆုံေ မးမြန်း ခန်းတခုတွင် ထုတ်ဖော်ပြောဆိုသည်။

“တလကို သိန်း ၆၀၀ လောက်ရှိမယ်။ ဘောလုံးပွဲနိုင်လို့ရှိရင်လည်းတပွဲကိုသိန်း၅၀ဆုချတယ်။အခြား အသင်း
တွေဆိုရင် တပွဲနိုင်ရင် သိန်း ၁၀၀ လောက်ပေးကြတယ်။ အခုအထိဆိုရင် အသင်းအတွက် သိန်း ၃ သောင်း
ကျော်လောက် ရှိမယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဦးအောင်ကိုဝင်း ၊ ဦးတေဇ၊ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ယုဇန ဦးဌေးမြင့်၊ ဦးတင့်ဆန်းအပါအ၀င်တခြားေ သာ
ထိပ်တန်း စီးပွားရေး လုပ်ရှင်ကြီးများမှာလည်း ဘောလုံးအသင်းများအတွက် ဆုကြေး၊ အပါအ၀င် ကုန်ကျစ
ရိတ်များစွာ အသုံးပြုနေရကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမားများ၏ လစာမှာ အနည်းဆုံး ၅ သိန်းဝန်းကျင်မှ သိန်း ဆယ်ဂဏန်းချီ
ရှိနေပြီး ACE ဆောက်လုပ်ရေးပိုင်ရှင် ဦးတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော် အက်ဖ်စီ ဘောလုံး အသင်း
တွင် ဘောလုံး အားကစားသမားများအတွက် ဇိမ်ခံကားများ ၀ယ်ယူပေး သည် အထိ အကုန်အကျခံ လုပ်
ဆောပေးကြသည်ဟု သိရှိရသည်။

အကျိုးအမြတ် နည်းပါးလွန်းလှသည့် လုပ်ငန်းအပေါ် လုပ်ငန်းရှင်ကြီးများက ငွေကြေးများစွာ အရှုံးခံ စိုက်
ထုတ်သုံးနေရခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအကြား ဂုဏ်သိက္ခာ ပြိုင်ဆိုင်မှုပုံစံမျိုး ရှိသည်ဟု သုံးသပ်
မှု များရှိသည့်အပြင် တိုင်းပြည်နှင့် ဘောလုံး ချစ်သောကြောင့် ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်သည်
ဟု သုံးသပ်မှုများရှိသည်။

“ဘောလုံးအဖွဲ့ချုပ်ရော၊ ဘောလုံးအသင်းတွေကရော အကျိုးအမြတ်မရှိတဲ့ Professional လုပ်ငန်းကြီး တခုကို
 နိုင်ငံ့ဂုဏ်ဆောင်ဖို့အတွက် လုပ်ကိုင်နေတယ် ဆိုတာတော့ မငြင်းသာပါဘူး။ Income က ဘာမှ မရှိဘူး။ လ
စာတင်ပဲ တလကို သိန်းရာချီပေးရတယ်။ ပွဲတွေကလည်း ပရိသတ်မရှိတော့ ပရိသတ်ဆီက ရတဲ့ဝင်ငွေက နည်းနည်းလေးပဲရတယ်။ တနှစ်ကို သိန်းပေါင်း သောင်းချီသုံးနေရတော့ အခုချိန် မှာ အော်လာပြီပေါ့။ သူ
ဌေးကြီးတွေက ဒီအရှုံးကို ခံနိုင်တဲ့ အခြေအနေရှိလို့ပေါ့” ဟု အားကစား အယ်ဒီတာ ကိုဇော် သက်ထွေးက ဆိုသည်။

အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကမူ မြန်မာနေရှယ်နယ် လိဂ် ဘောလုံး အသင်း များ
ငွေကြေး ဆုံးရှုံးမှုများရခြင်းမှာ ငွေသုံးကြမ်းခြင်းကြောင့် ဟုဆိုသည်။

“အစောပိုင်းက ငွေသုံးတော်တော်ကြမ်းကြတယ်။ ငွေသုံးတော်တော်လေးကြမ်းတော့ ဘောလုံးသမားရဖို့ အ
ပြန်အလှန် ကြေးပြီးခေါ်တာ။ပွဲတပွဲနိုင်ရင်သိန်း၁၀၀ တို့ အလွတ်ကြီး ဆုချတာတို့ အဲလို အသုံးကြမ်းတာတွေ
ကြောင့်လည်းပါပါတယ်။စစ်စစ်စီစီနဲ့သုံးမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆို ရင်တော့ဘော
လုံးအသင်းတွေအတွက် ခံသာမှာပါ။ ဒီအတိုင်း သွားမယ်ဆိုရင်တော့ အရှုံးများနေတဲ့အပြင် စီးပွားရေးတွေ
ကလည်း အပြိုင်အဆိုင် လုပ်ရတော့မှာဆိုတော့ သူတို့ဘက်မှာလည်း အကြပ်အတည်းရှိတာ အမှန်ပဲ” ဟု ဦးခင်မောင်ထွေးက ဆိုသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကမူ စီးပွားရေး လုပ်ငန်းရှင်ကြီးများ သည် နိုင်
ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဘောလုံးချစ်စိတ်များဖြင့် တိုင်းပြည်အတွက် ငွေကြေးစိုက်ထုတ် ကုန်ကျခံနေကြ
ခြင်းဖြစ်သည်ဟု ဆိုသည်။


“တိုင်းပြည်ကိုချစ်လို့၊ ဘောလုံးကိုလည်းတကယ်ချစ်လို့၊ ဘောလုံးကိုလည်း မြှင့်တင်ပေးချင်လို့အသင်းပိုင်ရှင်
ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေက အသင်းကို တည်ထောင်ပေးနေတာပေါ့။ သူတို့အတွက် ဘာအ ကျိုးမှမရှိ
ဘူး။ တခြား နိုင်ငံတကာလိဂ်တွေလို စပွန်ဆာတွေလည်း အများကြီးရတာ မဟုတ်သေးဘူး။ ကစားသမား အ
ရောင်းအ၀ယ်တွေဆိုတာလည်း အချင်းချင်းပဲ လှည့်ရောင်းနိုင်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်”ဟု ဦးစိုးမိုး
က ရှင်းပြသည်။


မြန်မာနေရှင်နယ်လိဂ်ကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ တောင်းဆိုမှု အရ
 မြန်မာခရိုနီ သူဌေးကြီးများက လိုက်လံလုပ်ဆေင်ပေးခဲ့သည်ဆိုသော သုံးသပ်ချက်မှုများလည်း ကျယ်ကျယ်
ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။


မြန်မာနေရှင်နယ်လိဂ်ကြောင့် မြန်မာ့ဘောလုံး အရည်အသွေး ပြန်လည်မြင့်မားလာသည်ဟု ပြည်တွင်း အား ကစား အသိုင်းအ၀ိုင်းက ဆိုကြသည်။


“သုံး၊ လေးနှစ်အတွင်းမှာ မြန်မာလက်ရွေးစင်အသင်းက ခြေတက်လာပြီးတော့ ဒေသတွင်းမှာ ဗီယက်နမ်၊ မလေးရှားတို့၊ စင်ကာပူတို့နဲ့ သူတင်ကိုယ်တင်ကစားလာနိုင်တဲ့ အနေအထားလေးတရပ် ရှိလာတယ” ဟု ကိုဇော်သက်ထွေးက ပြောသည်။


ဦးခင်မောင်ထွေးကလည်း မြန်မာ့ဘောလုံး အာရှတွင် အဆင့်အတန်းမြင့်မားရေး လမ်းစပေါ်ထွန်းနေပြီဟု ဆိုသည်။


“အပျော်တမ်းအဆင့်ထက်တော့ တိုးတက်လာတာပေါ့။ ၁၉၅၀၊ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက အရှေ့
တောင်အာရှမှာ ဘောလုံးက ထိပ်တန်းအဆင့်ရှိတယ်။ အဲဒီကနေ ပြန်ကျသွားတာ၊ ၈၀၊ ၉၀ မှာ ပြန်ကျသွား
တာ။ ကျရာကနေ ပြန်တက်သွားရတာဆိုတော့ အရင်အဆင့်တော့ မရောက်သေးဘူး။ တိုးတက် တယ်။
 ဘောလုံး အဆင့်အတန်းကလည်း တိုးတက်တဲ့ လမ်းစပေါ်ရောက်ပြီလို့ပဲပြောချင်ပါတယ်” ဟု ဦးခင်မောင်
ထွေးက ရှင်းလင်းပြောဆိုသည်။


မြန်မာနေရှင်နယ်လိဂ် အသင်းများ အရှုံးခံမှုများ သက်သာစေရန်မှာမူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စပွန်ဆာ များ ပြည်တွင်း ဘောလုံးလောကအတွင်း ၀င်ရောက်လာမှသာ ဖြစ်နိုင်ကြောင်း အားကစားကျွမ်းကျင် သူများ
က သုံးသပ်ကြသည်။


ထူးကုမ္ပဏီမှ ဦးတေဇက ရန်ကုန်ယူနိုက်တက်အသင်း၊ ယုဇနကုမ္ပဏီမှ ဦးဌေးမြင့် က ဆောက် သမ်းမြန်မာ
ယူနိုက်တက် (Southern Myanmar United)၊ ACE ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးတင့်ဆန်း က နေပြည်တော်
အက်ဖ်စီ၊ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ကမ္ဘောဇအက်ဖ်စီ အပါ အ၀င် မြန်မာနေရှယ်နယ်လိဂ် စတင်တည်ထောင်စဉ်က ဘောလုံးအသင်း ၈ သင်းသာရှိသော်လည်း ယခု အခါ ဘောလုံးအသင်း ၁၄ သင်း
အထိ ရှိလာပြီဖြစ်သည်။
 
ဧရာဝတီ

0 comments:

Post a Comment

 
world time