Pages

Saturday, November 10, 2012

သုံးရက်သားအရွယ်ဖြင့် ဘောလုံးပရိသတ်ဖြစ်လာသည့် မက်ဆီ၏သားငယ်

သုံးရက်သားအရွယ်ဖြင့် ဘောလုံးပရိသတ်ဖြစ်လာသည့် မက်ဆီ၏သားငယ်

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီ၏ သားငယ်သည် အသက်(၃)ရက်သား အရွယ်တွင် ဘော
လုံးပရိသတ် ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုသည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၃)နှစ်ဆက် ရယူထားသည့်အာဂျင်တီးနားလက်ရွေးစင်မက်ဆီ
သည် သားငယ် သီယာဂိုအား မွေးဖွားခဲ့ပြီးနောက် ကလေးငယ်အား အာဂျင်တီးနားကလပ် နယူးဝဲလ် အို
ဘွိုင်းစ်၏ ပရိသတ် စာရင်းတွင် မှတ်ပုံတင်ခဲ့သည်။


နယူးဝဲလ်သည် မက်ဆီ၏ ငယ်ဘဝက ဖြတ်သန်းခဲ့သော အသင်းဖြစ်ပြီး ယခုအခါ နယူးဝဲလ် အားပေးသူများ အသင်းတွင် သီယာဂို၏ အမည် ပါဝင်လာပြီ ဖြစ်သည်။ မက်ဆီက ကလေး၏ အဖိုးဖြစ်သူ ဂျော့ဂ်ျထံမှတစ်
ဆင့် ယခုလို အသင်းပရိသတ် စာရင်း၌ မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် နယူးဝဲလ် အသင်းတွင် ချာတိတ်ဘဝက ကစားခဲ့ပြီး ထိုမှတစ်ဆင့် အသက်(၁၃)နှစ် အရွယ်တွင် စပိန်ထိပ်တန်း ကလပ်အသင်းကြီးသို့ ရောက်ရှိသွားသည်။



နယူးဝဲလ် အားပေးသူများ ကလပ်မှ တာဝန်ရှိသူများသည် ဥရောပထိ ခြေဆန့်ကာ ၎င်းတို့၏ အသစ်စက်စက် အဖွဲ့ဝင်လေးအား မှတ်တမ်းဗီဒီယို ရိုက်ကူးရန် စီစဉ်နေကြောင်းလည်း သတင်းများက ဆိုသည်။

နယူးဝဲလ်သည် လတ်တလောတွင် အသင်းရလဒ်များ ကောင်းမွန်နေပြီး နည်းပြသစ် ဂီရာဒို မာတီနို၏ ဦး
ဆာင်မှုဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်လျှက်ရှိသည်။

Source: DailyMail

0 comments:

Post a Comment

 
world time