Pages

Saturday, November 10, 2012

၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချယ်လ်ဆီးအသင်း အမြတ်အစွန်းရရှိ

၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချယ်လ်ဆီးအသင်း အမြတ်အစွန်းရရှိ

အင်္ဂလန်ပရီးမီးယားလိဂ် ချယ်လ်ဆီး ဘောလုံးကလပ်အသင်းအား ရုရှားဘီလျံနာ ရိုမန် အီဗရာမိုဗစ်ခ်ျ လွှဲ
ပြောင်းရယူခဲ့ပြီးနောက်ပိုင်း ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမြတ်အစွန်း စတင်ရရှိပြီ ဖြစ်သည်။
အသင်း၏သမိုင်းတွင် ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သော ချယ်လ်ဆီးက နှစ်ပတ်
လည် အမြတ်ငွေစာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။

chelsea
(၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်း)
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလအတွင်း အမြတ်
ငွေ ပေါင်စတာလင် ၁ ဒသမ ၄ သန်းရရှိခဲ့ကြောင်း ချယ်လ်ဆီးက ကြေညာသည်။

ယခင်ဘဏ္ဍာရေးနှစ်တွင်မူ ချယ်လ်ဆီးအသင်းမှာ ပေါင်စတာလင် ၆၇ ဒသမ ၇ သန်း အရှုံးပေါ်ခဲ့ကြောင်း The Telegraph သတင်းက ဖော်ပြသည်။

ချယ်လ်ဆီးသည် ချန်ပီယံလိဂ်တွင် ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် ပေါင်စတာလင် ၄၇ ဒသမ ၉ သန်းရ
ရှိခဲ့ပြီး ကစားသမား အရောင်းအဝယ်ဈေးကွက်မှလည်း ဝင်ငွေ ပေါင်စတာလင် ၂၈ ဒသမ ၈ သန်းရရှိခဲ့
ကြာင်း သိရသည်။


Planet Myanmar Network:

0 comments:

Post a Comment