Pages

Tuesday, November 20, 2012

ပထမဆုံး ထောင်တွင်းအတွေ့အကြုံများ ဇာဂနာဝတ္ထုရေး

ရန်ကုန်၊ နိုဝင်ဘာ - ၁၉

နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူရွှင်တော် ဇာဂနာ၏ ပထမဆုံး ထောင်တွင်းအတွေ့အကြုံများကို ရေးသား

ထားသည့် “ပထမ”အမည် ရှိ လုံးချင်းဝတ္ထုကိုနိုဝင်ဘာလကုန်တွင်ထုတ်ဝေမည်ဖြစ်ကြောင်း ဇာဂနာကပြော
သည်။၁၉၈၈ ခုနှစ်မှာ ကျွန်တော့်ကိုဘားလမ်းမှာ သေနတ်နဲ့ချိန်ပြီးဖမ်းသွားရာကနေ ပြန်လွှတ်တဲ့အထိအင်း
စိန်ထောင်ထဲမှာ ထောက်လှမ်းရေးတွေ ထောင်ထဲတွင်း အတွေ့အကြုံတွေကို ရေးသားထား ပါတယ်။ကျွန်
တော့်ကိုမေးတာ၊ နှိပ်စက်ညှင်းဆဲတာတွေ အကုန်ပါ ပါတယ်” ဟု ဇာဂနာက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ မှာ ထိုစဉ်က စာရေးသားခွင့်မဆိုနှင့်၊ စာအုပ်စာတမ်းပင် ဖတ်ခွင့်မရှိသည့်အတွက်
နေ့စဉ်မှတ်တမ်းရေးသားရန်ပလတ်စတစ်စများကိုဖြဲကာ ရေစင်အောင်ဆေး၍ ထောင်အုတ်နံရံများတွင်ပွတ်
တိုက်ပြီးမှ ပလတ်စတစ်တွင် ကပ်ပါလာသော ထုံးမှုန့်များပေါ်တွင် ဖျာကြမ်းစများကိုချိုးကာ စာလုံးများဖော်
၍ နေ့စဉ်မှတ်တမ်းရေးသားခဲ့ရကြောင်း၊ အဆိုပါပလတ်စတစ်မှတ်တမ်းများမှ အချက်များကိုယူ၍ ရေးသား
ခြင်းဖြစ်ကြောင်း ဇာဂနာကပြောသည်။

ယင်းစာအုပ်ကို Home က ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံး ထောင်တွင်းအတွေ့အကြုံထုတ်ဝေပြီးပါက နောက်
ဆက်တွဲကျခံခဲ့ရသည့် ထောင်တွင်းအတွေ့အကြုံများကို ဒုတိယ၊တတိယအမည်များဖြင့်ဆက်လက်ထုတ်ဝေ
သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဂနာသည် ၁၉၈၃ ခုနှစ်တွင် တမူးမြို့သို့ အသုံးလုံး လုပ်အားပေးသွားရောက်ရင်း ဆေးကုသသည့်အတွေ့
အကြုံများကို ပြန်လည်ရေးသားခဲ့သည့် “မန်းထာ” အမည်ရှိ ပထမဆုံး လုံးချင်းဝတ္ထု ထွက်ရှိထားသည်။
 
7days News

0 comments:

Post a Comment