Pages

Tuesday, November 20, 2012

ရာမူး ဘုန်းတော်ကြီးကျောင်းများမှ လုယက်ခံခဲ့ရသော ဗုဒ္ဓဆင်းထုတော်များ ဆက်လက် ဖမ်းဆီး ရရှိ

ရာမူး ရဲစခန်းမှ ပြန်လည် ဖမ်းဆီးရမိခဲ့သော ဆင်းထုတော် တစ်ဆူ။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများမှ လုယက် ယူငင်သွားခဲ့သော ဗုဒ္ဓ ဆင်းထုတော်များကို ဆက်လက် ဖမ်းဆီး ရရှိသည်ဟု သတင်း ရရှိသည်။
၅ လက်မ အမြင့်ရှိပြီး ကီလိုဂရမ် ၇၅၀ အလေးချိန်ရှိသော ယူရေနီယမ် ( Uranium) နှင့် တစ်ခြား သတ္တုများဖြင့် ရောစပ် ပြုလုပ်ထားသော ဗုဒ္ဓဆင်းထုတော် တစ်ဆူကို ဒက္ကားမြို့တော်ရှိ ဘန်ချန်တက်  ဧရိယာအတွင်းမှ ရဲက တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဗုဒ္ဓဆင်းထုတော်မှာ စက်တင်္ဘာလ ၂၉ ရက်နေ့က ရာမူး ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်စဉ် အတွင်း လုယူခံခဲ့ရသော ရုပ်ပွားတော် ၃၀၀ ကျော်ထဲမှ တစ်ပါး အပါအ၀င် ဖြစ်ကြောင်း ရဲက ပြောဆိုသည်။
 
ယခုအခါ အဆိုပါ ဆင်းထုတော်နှင့် ဆက်နွယ်ပတ်သက်သူ (၃) ဦးကို ရဲက ဖမ်းဆီလိုက်ပြီး ဖမ်းဆီးခံရသူများမှာ ဂါဇီပူရ် ခရိုင်မှ ဘီလေ ဟူစိန် (၃၈ နှစ်)၊ မူဟာမတ် အာလီ (၆၈ နှစ်) နှင့် မူဟာမတ် ကာဒီယာ (၅၅ နှစ်) တို့အား ရဲက ဖမ်းဆီးလိုက်သည်။
 
ဘုန်းတော်ကြီးများ တိုက်ခိုက်ခံရပြီးနောက် ရွှေ၊ ငွေ၊ ကြေး စသည့် သတ္တုများဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓ ဆင်းထုတော် ၃၀၀ ကျောက် လုယူခံခဲ့ရပြီး ထိုအထဲမှာ ရုပ်ပွားတော် (၇) ဆူကိုသာ ရှာဖွေ ရရှိသေးကြောင်း ရဲအဖွဲ့က ပြောသည်။
 
ထိုအထဲတွင် ဆင်းထုတော် သုံးဆူကို မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် စခန်း ကူတို့ပလောင်မှ ဖမ်းဆီးရမိခဲ့သည်။ ဆင်းထုတော်များမှာ အမြင့် ၁၂ လက်မ ၊ ၉ လက်မ နှင့် ၅ ဒဿမ ၈ လက်မရှိ အသီးသီးရှိကြသည်။
 
ရုပ်ပွားတော်များ ဖမ်းဆီးရရှိပြီးနောက် ဆက်နွယ်ပတ်သက်သူ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် ဇော်ဖေါ် အာလောင် (၃၅ နှစ်) နှင့် အီမာန် ဟူစိန် (၃၂ နှစ်)တို့အား ဖမ်းဆီးခဲ့သည်။
 
ရာမူး ဘုန်းတော်ကြီး ကျောင်းများမှ ပျောက်ဆုံးသွားခဲ့သော ဘုရား ဆင်းထုတော်များထဲတွင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း လက်ရာ ဗုဒ္ဓ ရွှေဆင်းထုတော်များလည်း ပါဝင်သည်။ မီးရှို့ခံခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်းတွင် တချို့ ကျောင်းများမှာ နှစ်ပေါင်း ၂၀၀ ကျော်- ၃၀၀ နီးပါးခန့် ရှိကြသည်ဟု သိရသည်။
 
Narinjara Media:

0 comments:

Post a Comment