Pages

Tuesday, November 20, 2012

ပြိုင်ကားများတွင် ကားအလှဆင်မှု ပိုမိုတွင်ကျယ်စွာ ပြုလုပ်လာ

ယခုနောက်ပိုင်း တင်သွင်းကားများ များပြားလာသည်နှင့်အမျှကားအလှဆင်ပစ္စည်းဆိုင်များသည်အလုပ်ဖြစ်
လာကြောင်းရန်ကုန် ကားဈေးကွက်အတွင်းမှ သိရှိရသည်။

အထူးသဖြင့် လူငယ်ကြိုက်ကားများ ဖြစ်သည့် ပြိုင်ကားဆန်ဆန် ကားများတွင်အလှဆင်မှုများ ပိုမိုများပြား
လာကြောင်း၊ ထို့အပြင် ကားအလှဆင်မီးသီးများနှင့် ကားဘန်ဘာ အမြင့်များပါ တပ်ဆင်ခြင်းသည်လည်း ယခင်ကထက်ပိုမို များပြားလာကြောင်း ကားအလှဆင်ပစ္စည်း အရောင်းဆိုင်များထံမှသိရှိရသည်။
 
အခုနောက်ပိုင်း ဒီမှာလာပြီးတော့ ပြင်ဆင်တဲ့အထဲမှာ လူငယ်ဆန်ဆန် graphic ဒီဇိုင်းတွေ လာကပ်ကြ
တာများပါတယ်။ ကားအမျိုးအစားတွေကတော့ အစုံပါပဲ။ဒါပေမဲ့ အများစုကတော့ ယောက်ျားလေးတွေ များ
တယ်၊ စတစ်ကာအလှဆင်မယ် ဆိုရင်အကြီးအသေးပေါ် မူတည်တယ် ဟု ကားအလှဆင်ပစ္စည်းဆိုင်မှ ကိုဇော်ထွန်းဦးကပြောသည်။
 
ယခုနောက်ပိုင်း ကားဈေးကွက်အတွင်း အပြောင်းအလဲ များစွာ ရှိသော်လည်းကားအလှဆင် ဆိုင်များနှင့် ကားနှင့် ဆက်စပ်ပစ္စည်းဆိုင်များမှာမူ ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်နိုင်ကြောင်း ၊ကားအလှဆင်ပစ္စည်း
များလည်း ယခင်ကထက်အရောင်းသွက်လာကြောင်း ၄င်းမှ ဆက်လက်ပြောသည်။
 
ကျနော် ဒီဆိုင်မှာ ကားစီးလုံး စတစ်ကာ လာကပ်တာပါ၊ ၁ သိန်း ၇သောင်းကျပါတယ်၊ပုံစံကတော့ ကနုတ်
 ရှင်းရှင်းလေးလေးတွေ ပါပဲ၊ကားအပေါ်ပိုင်းကိုတော့ လိုင်း နှစ်လိုင်းထည့်တာပါ။ အခုနောက်ပိုင်းကျနော့်
သူငယ်ချင်းတွေလည်း သူတို့ကားတွေမှာ အလှဆင်လာကြတယ်။ လူတိုင်းကတော့ကိုယ့်မှာ ရှိတဲ့ အရာတွေ
ကို လူကြိုက်စေချင်တာပဲလေ။ ကျနော်လည်း အစကတော့ကားဆိုရင် ရှင်းရှင်းလေးပဲ ကြိုက်တယ်။ ဒါပေမဲ့ အခုတော့ ဒီလို ပုံစံဆန်းဆန်းလေးတွေနဲ့မှကြည့်ကောင်းတယ် ထင်တယ် ဟု ကားအလှဆင်ရန်ဆိုင်သို
ရာက်ရှိလာသည့် ကိုဖြိုးဝေကိုက ပြောသည်။
 
မိန်းကလေးများ စိတ်ဝင်စားလာကြသည့် စတစ်ကာ ပုံစံများမှာ Angry Birds၊ Poohနှင့် တခြား ကာတွန်း ရုပ်ကောင်များ ဖြစ်ကြောင်း အဆိုပါဆိုင်များ၏ပြောကြားချက်အရ သိရှိရသည်။
 
 
ရန်ကုန်မြို့အတွင်း ကားများတိုးပွားလာသည့်အလျောက် ကားအပိုပစ္စည်းအရောင်းဆိုင်များ  အလုပ်ဖြစ်
လာကြောင်း ၊ လှဆင် စတစ်ကာများ အကပ်များလာသည့်ကားများမှာ စက်ရုပ်ကဲ့သို့သော ကားအမျိုးအစား
အပါအ၀င် နှစ်ပေါက်ကားများပြားကြောင်း၊ကားအောက်ခံမီးများကိုလည်းတပ်ဆင်မှုများ ပြုလုပ်လာကြောင်း
ဗဟန်းမြို့နယ်မှ ကားအလှဆင် ပစ္စည်းဆိုင်က သိရှိရသည်။
 
 “ကျနော်တို့ဆီမှာတော့ ကားအောက်ခံမီးတွေ အခုနောက်ပိုင်းလာတပ်ကြတာများတယ်။အရောင်ကတော့ အနီတို့ အပြာတို့ ရွေးလာတာများတယ်။ ဈေးတွေကတော့တရုတ်ဆိုရင်တော့ ဈေးပေါပါတယ်။ဟု ကျောက်
တံတားမြို့နယ်မှ  Everwayကားနှင့် အပိုပစ္စည်း အရောင်းဆိုင်က ပြောသည်။
 
ကားအလှဆင် တရုတ်မီးသီးအား ကားအောက်ပိုင်းတစ်ခုလုံးတပ်ဆင်ပါက ကျပ် (၃)သိန်း ဈေးရှိပြီး၊ (၅) သိန်းမှ (၇) သိန်း ထိ ဈေးနှုန်းရှိကြောင်းသိရသည်။ ဘန်ဘာ တပ်ဆင်ခမူ (၇) သိန်း မှ (၁၅) သိန်း ဝန်းကျင်
အထိရှိသည်။
 
 “ကျမကားက Mazda RX-8 အမျိုးအစားပါ။ ဒီမှာ လာတပ်တာက ကားအောက်ပိုင်းနည်းနည်းမြှင့်ပြီးတော့ ဘန်ဘာလည်း ပုံစံမကြိုက်လို့ နောက်တစ်မျိုးလာတပ်တာပါ။ အားလုံးပေါင်း (၆) သိန်းခွဲ ကျပါတယ်။ ကိုယ်
စီးလာတဲ့ ကားဆိုရင်လှလိုက်တာလို့ အပြောခံချင်တယ် ဟု ကားလာရောက် ပြင်ဆင်သူ မထက်ထက်
လင်းကပြောသည်။
 
Ever Way ဆိုင်မှ “ကားတွေမှာ အောက်ပိုင်းပုံစံက Customer တွေရဲ့လိုချင်တဲ့ ပုံစံကို လုပ်ပေးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အခက်အခဲတွေရှိပါတယ်။ အဲဒါတွေကတော့ ပစ္စည်းနဲ့ ကား မကိုက်တာတို့၊ နောက် ဆိုဒ်ကိုက်ပြန်တော့လည်း Customer တွေက သဘော မကျတာတို့ပါ။ အထူးသဖြင့် GT- 86၊နောက် စက်
ရုပ်တို့ဆိုရင် သူတို့အတွက် သီးသန့်ဘန်ဘာအမျိုးအစားတွေ ရှိပါတယ်။ မော်ဒယ်အလိုက် ကွဲသွားပါတယ်´´ ဟု ၄င်းတို့၏အခက်အခဲများကို ပြောသည်။
 
တစ်ခါတစ်ရံ လိုအပ်သည့် ပစ္စည်းများသည် ပြည်တွင်းတွင် မရသောကြောင့် ပြည်ပမှသီးသန့်မှာပေးရ
ကြောင်း၊ ထိုအခါမျိုးတွင် (၉) သိန်း မှ (၁၅) သိန်းဝန်းကျင်အထိ ကုန်ကျနိုင်ကြောင်း အဆိုပါဆိုင်များမှ 
 ပြောကြားသည်။
 
ယခုနောက်ပိုင်းကားစီးသူ အများစုသည် ၄င်းတို့၏ ကားများကို ခေတ်မီစေရန်အမျိုးမျိုး ပြုပြင်လာမှုများ
ကြောင့် ကားအပို ပစ္စည်းနှင့် ဆက်စပ်ဆိုင်များအလုပ်ဖြစ်လာခြင်းဖြစ်ကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment