Pages

Tuesday, November 20, 2012

အိုဘားမား ခရီးစဉ်ကြောင့် မြန်မာကို တရုတ်ထံမှ ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာဖော်ပြ

ဘေဂျင်း၊နိုဝင်ဘာ-၂၀

အမေရိကန်ပြည်ထောင်စုသည်မန်မာကိုတရုတ်ထံမှထုတ်ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်န့စဉ်သတင်းစာဂလိုဘယ်တိုင်းမ်စ်၏ဆာင်းပါးတစ်ပုဒ်၌မန်မာသို့အိုဘားမား တနင်္လာနေ့က လာရောက်ပြီးနောက် ရေးသားဖော်ပြခဲ့သည်။ ဂလိုဘယ်တိုင်းမ်စ်၏ အဆိုပါ Don't read Too Much into Myanmar Visit ဆောင်းပါးတွင် မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာ အချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှု လျော့နည်းအောင် ဦးတည်ခြင်းဖြစ်သည်ဟူသော အမြင်များကို ဝေဖန်ထားခြင်းဖြစ်သည်။ ဆောင်းပါးက"ဒီလိုမျိုးယူဆချက်တွေကအင်အားကြီးနိုင်ငံတွေကြားထဲကယှဉ်ပြိုင်မှုတွေနဲ့မန်မာမှာ ယမန်နှစ်ကဖစ်ပေါ်ခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုရည်ညွှန်းရာမှာအိုဘားမားရဲ့ခရီးစဉ်ကိုပါင်းထည့်ပြီး အထူးအနက်အဓိပ္ပာယ်ထွက်အောင် လုပ်နေတာပါ"ဟု ဖော်ပြထားသည်။ 
သတင်းစာက မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲများသည် ၀ါရှင်တန်အား စိတ်ကျေနပ်စေရုံသာမက တရုတ်၏ (မြန်မာတွင်) ကာလရှည် တည်ရှိနေသော အကျိုးစီးပွားများကိုလည်း
ကျေနပ်စေကြောင်း ဆိုသည်။
 
 ဆောင်းပါး၌"အာဆီယံနိုင်ငံအများစုကဒီမိုကရက်တစ်ရွေးကောက်ပွဲတွေရှိထားကြပြီးတရုတ်နဲ့ ဆက်ဆံရေးတွေဟာလည်း နိုင်ငံရေးစနစ် ကွဲပြားခြားနားမှုကြောင့် အနှောင့်အယှက်မဖြစ်ပါဘူး။ မြန်မာဟာ ၎င်းရဲ့ပြည်တွင်းနိုင်ငံရေးပင်ဆင်ချိန်ညှိမှုတွေကြောင့်တရုတ်နဲ့ဝးကွာသွားမယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာရဲ့ အပြောင်းအလဲဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး"ဟု ဆိုသည်။


ဆောင်းပါးတွင်အိုဘားမားခရီးစဉ်နှင့်အတူမန်မာသို့ထာက်ပံ့ငွေဒေါ်လာသန်း ၁၇၀ပးအပ်ခြင်းကိုလည်းထာက်ပြထားပြီးယင်းငွေပမာဏအနည်းငယ်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကို ထူးခြားစွာ ပြောင်းလဲစေမည် မဟုတ်ကြောင်း၊ စီးပွားရေးအရလည်း အရှေ့တောင်အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို ပိုမိုမှီခိုနေရကြောင်း ထောက်ပြထားသည်။


7DayNewsJournal

0 comments:

Post a Comment