Pages

Tuesday, November 20, 2012

မိုးထိမိုးမိရွှေလုပ်သားများ နေပြည်တော်သို့ ခရီးဆက်ရန် (၃) ရက်နားခံရ


ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေသည့်မိုးထိမိုးမိရွှေလုပ်သားများအား
 နိုင်ငံခြားဧည့်သည် ခရီးစဉ်ရှိသည့်အတွက်နိုဝင်ဘာ (၁၉) ရက်နေ့ညတွင် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးမှ (၃) ရက်ဆိုင်းငံ့ ပေးရန်တားဆီး ခဲ့ကြောင်းသိရသည်။

တားဆီးခံရတာက မြို့လှမြို့၊ ရွှေနတ်တောင်ကျောင်းမှာ (၁၉) ရက်နေ့ည (၁၀)နာရီခွဲမှာ ရဲတပ်ဖွဲ့မှူး
ကနိုင်ငံခြား ဧည့်သည်ခရီးစဉ် ရှိတဲ့အတွက်ရက်ဆိုင်းငံ့ပေးဖို့လာတားတာပါ။ ဒီနေ့မနက်မှာမြို့နယ်မှူးက ဖုန်းဆက်တယ်။ကုမ္ပဏီက ညှိနှိုင်းချင်တယ်ဆိုပြီးတော့ပြောတယ်။ဟု ရွှေလုပ်သားတစ်ဦးဖြစ်သူ ကိုနေ
aအာင်ထက်က ပြောသည်။
 
ထို့ကြောင့် ရွှေလုပ်သားများသည် လမ်းလျှောက်ချီတက်ခြင်းကို ၃ ရက်ခန့်ဆိုင်းငံ့ထားမည်ဖြစ်ပြီး (၃) ရက်
ပြည့်ပါကနေပြည်တော်သို့ဆက်လက်ချီတက်လမ်းလျှောက်သွားမည်ဖြစ်သည်။
 
ကျွန်တော်တို့က ပြည်ပနိုင်ငံကလူကြီးတွေလာမယ်ဆိုတော့ ခဏတော့နားထားပါမယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကနိုင်ငံတော်အကြီးအကဲတွေကိုသိတတ်တဲ့အပိုင်းရယ်၊ပြီးတော့တန်ဖိုးထား တဲ့အပိုင်းတွေ
ရယ်ကြောင့် ခဏနားထားပါမှာ။ ပြီးရင်တော့နေပြည်တော်အထိဆက်လက်ချီတက်သွားမှာပါဟု ရွှေလုပ်
သားတစ်ဦး မှပြောသည်။
 
ရန်ကုန်မှ နေပြည်တော်သို့ နိုဝင်ဘာ (၈) ရက်နေ့မှစတင်ချီတက်လမ်းလျှောက်ကြပြီး နိုဝင်ဘာ (၂၀) ရက်နေ့ တွင် မိုင် ၂၀၀ကျော်ရှိသော ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့လှမြို့သို့ရောက်ရှိနေပြီဖြစ်သည်။
 
ပူပြင်းလှသည့် ရာသီဥတုဒဏ်ကြောင်း  ဖျားနာသူ (၆) ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြကြောင်းသိရ
သည်။
 
 “အခု ဖျားတာနာတာတို့ ရှိတယ်။ ခြေထောက်နာတာတို့ ထိခိုက်ဒဏ်ရာရတာတို့ကတော့ လူတိုင်းလို
လိုဖြစ်တယ်။ အခု ရန်ကုန်ကနေ နေပြည်တော်အထိကိုလျှောက်လာတာ မိုင်၂၀၀ ကျော်နေပါပြီ။ အကုန်လုံးနေပြည်တော်အထိလျှောက် ဖို့သံဓိဌာန်ချထားပါတယ်။ဟု ၄င်းက ဆက်ပြောသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment