Pages

Monday, October 1, 2012

ကနေဒါ ဆယ်ကျော်သက် Popဂီတစတား ဂျက်စတင် ဘီဘာ အရီဇိုးနားဖျော်ဖြေပွဲတွင် နာမကျန်းမှုကြောင့် အော့အန်

justin bieber

ဂျက်စတင် ဘီဘာသည် အရီဇိုးနားတွင် ပြုလုပ်သော ဖျော်ဖြေပွဲ တစ်ခုတွင် နာမကျန်းမှုကြောင့် အော့အန်ခဲ့
ကြောင်း သိရှိရသည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတစတား အဆိုတော်သည် စနေနေ့ညက ဖျော်ဖြေပွဲ
တွင် စိတ်ဖိစီးမှုများပြားနေသလိုကျန်းမာရေးအကောင်းဆုံးအခြေအနေတွင် မရှိခဲ့ဟုသတင်းများကဆိုသည်။

၎င်းသည်အမည်မသိအဖျားရောဂါတစ်မျိုးခံစားနေရပြီးသီဆိုဖျော်ဖြေမှု ပြုလုပ်နေစဉ်စင်မြင့်ပေါ်၌အော့အန်
မှု ဖြစ်ခဲ့ခြင်းဟု သိရသည်။အသက်(၁၈)နှစ်ရှိဘီဘာကမိမိ နေထိုင်မကောင်းသဖြင့်ယခုလိုအမှားအယွင်းဖြစ်
ခဲ့ခြင်းအတွက် ပရိသတ်များကို တောင်းပန်ခဲ့သည်။ 

ဂလန်ဒေးလ်ရှိ ဖျော်ဖြေပွဲတွင် ဘီဘာ၏ သစ္စာရှိ ပရိသတ်များကယခုကိစ္စအတွက် အပြစ်မမြင်ဘဲ ၎င်းတို့၏
ထောက်ခံမှုအား အလေးအနက်ဆက်လက် ပြသခဲ့သည်။ဘီဘာသည် ခေတ္တမျှ အနားယူပြီးနောက် ဖျော်ဖြေ

ပွဲကို ဆက်လက် ပြုလုပ်သွားခဲ့သည်။

justin bieber

TMZသတင်းဌာနက ဘီဘာ ဖျားနာပြီး အော့အန်နေသည့် (၁၆)စက္ကန့်မျှ ကြာမြင့်သော ဗီဒီယိုကို အင်တာ
နက်တွင် လွှင့်တင် ပြသခဲ့သည်။ ဘီဘာ၏ Believe ဖျော်ဖြေပွဲ အစီအစဉ်တွင် အတန်ငယ် လွဲချော်မှုများ ရှိခဲ့
ခြင်းနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ဘီဘာက မိမိသည် နွားနို့ အများအပြား သောက်ခဲ့ခြင်းကြောင့်ဟု ဖြေ
ရှင်းချက်ပေး ပြောဆိုသွားသည်။ 


Planet Myanmar Network:

0 comments:

Post a Comment