Pages

Monday, October 1, 2012

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျ
ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အ
သက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့ အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး
ရအနက် ၆ လက်မသာရှိသော ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေ
သည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခန့်က တွေ့ရှိရသည်။ ၄င်း၏မိဘများက အိမ်တွင်မောင်အောင်ခန့်ပိုင်မရှိသည်ကို မွန်းလွဲ ၂ နာရီခွဲခန့်တွင်သိရှိပြီး ရပ်ကွက်အတွင်း
လိုက်လံရှာဖွေပြီး မတွေ့၍ အိမ်ပြန်လာစဉ် အိမ်ရှေ့ ရေမြောင်းထဲ၌ (မှတ်ချက်။ ၄င်းအား တွေ့သောနေရာ
မှာ ခြုံကွယ်နေ၍ မလွယ်တကူမမြင်ရပေ) လှဲကျသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း မိဘများနှင့်ရပ်
ကွက်အတွင်းမှ မျက်မြင်တွေ့ရှိသူများကပြောသည်။

၎င်းသည် မကြာခဏ တက်၊ တက်ပြီး ရေမြောင်းအတွင်း လှဲကျစဉ် တက်၍ သေဆုံးခြင်းဖြစ်နိုင်ကြောင်း မိဘ
များနှင့် မျက်မြင်တွေ့ရှိသူများကမှတ်ချက်ချသည်။ရဲတပ်ဖွဲ့များကလည်း ဖြစ်စဉ်မှာ ရေနစ်သေဆုံးသော
ဖြစ်ရပ်သာဖြစ်ကြောင်း မှတ်ချက်ပြုသည်။ ၄င်း၏ အလောင်းကို ဝေဘာဂီ ရဲတပ်ဖွဲ့စခန်းအမှတ်(၂)နယ်မြေ
ရဲကင်းက မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
 
 
7day News Journal

0 comments:

Post a Comment