Pages

Monday, October 1, 2012

ကိုလံဘီယာ နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်


ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသောငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း
သတင်းများက ဖော်ပြခဲ့သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများ
တွင် တုန်ခါလှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။
တနင်္ဂနွေနေ့ကလှုပ်ခတ်ခဲ့သည့်ငလျင်သည် မြေမျက်နှာပြင်အောက်မိုင်(၁၀၀)နီးပါးကိုဗဟိုပြု လှုပ်ရှားခဲ့ခြင်း
ဖြစ်ပြီး ငလျင်နောက်ဆက်တွဲ သေဆုံး၊ ပျက်စီးမှု သတင်းများ မရရှိခဲ့ဟု အာဏာပိုင်များက ဆိုသည်။ပိုပါယန်
မြို့မှ မိုင်ပေါင်း (၃၀)အကွာ မြေအောက်ကို ဦးတည်သည့် ငလျင်လှုပ်ရှားမှုကို မြို့တော် ဘိုဂိုတာမှပင် ခံစား သိရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောကြားခဲ့သည်။

အမေရိကန် ငလျင်တိုင်းတာရေး ပညာရှင်များက ငလျင်သည် မြေအနက် (၉၄)မိုင်ကို ဗဟိုပြု လှုပ်ရှားခဲ့ပြီး

 ပြင်းအား (၇.၂)အဆင့် ရှိနေကြောင်း ဆိုသည်။ အမေရိကန်မှ U.S. Geological Survey ကမူ ငလျင်၏ပြင်း
အားကို ရစ်ခ်ျတာစကေး ၇.၃ ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားသည်။ 

ယခုငလျင်သည် အဆိုပါ ဒေသတွင်ပင် ပြင်းအား အဆင့်(၇.၂)ရှိသော ငလျင်တစ်ခု (၂၀၀၄)ခုနှစ်က လှုပ်
ခတ်ခဲ့ပြီး နောက်ပိုင်း နိုင်ငံ၏ အားအပြင်းဆုံး ငလျင်လည်း ဖြစ်လာသည်။ ကိုလံဘီယာရှိ ပြည်နယ် (၃၂)ခုအ
နက် ငလျင်သက်ရောက်မှုကို ပြည်နယ် (၁၀)ခုက ခံစားခဲ့ရသည်။ 

ကော်ကာပြည်နယ် လုံခြုံရေးမှူးချုပ် အီဒစ်သ်ကာဘီဇာက ပြည်နယ်အတွင်း ထိခိုက် သေကြေမှု မရှိကြောင်း
 ဆိုသည်။ ပိုပါယန်မြို့သည် (၁၉၈၃)ခုနှစ်၊ မတ်လအတွင်းက သမိုင်းဝင် ငလျင်ကြီး တစ်ခုကြောင့် လူပေါင်း
(၂၅၀) သေဆုံးသော ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ဖူးသည်။ 


Planet Myanmar Network:



Source: FoxNews

0 comments:

Post a Comment