Pages

Monday, October 1, 2012

လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း သတင်းထွက်ပေါ်မှု နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြော

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့
ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်
သူ ဦးထွန်းလွင်ကပြောသည်။အရင်တုန်းက နာဆာက၂၀၁၂မှာလျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ခန့် မှန်းဖူး
တယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။
ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကော
လဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။

လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည်မဖြစ်ပေါ်နေသည်ကိုအတည်မပြုနိုင်သော်လည်းမြန်မာနိုင်ငံအတွက်အန္တ
ရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း၃၀ လျှင်တစ်ကြိမ်သာ ဖြစ်ပေါ်
နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေးသောကြောင့် ကမ္ဘာပေါ်သို့ ကျ
ရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန်လွင့်နိုင်သော်
လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀သနှင့်ဇလ
ဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

"အလျပ်စစ်အပူလှိုင်းဖြတ်နေတာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး" ဦးချစ်ကျော်ကပြောသည်။
 
 
7Day News Journal

0 comments:

Post a Comment