Pages

Monday, October 1, 2012

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

နယူးယောက်စက်တင်ဘာ ၃၀ ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းကအမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့တော်တွင်ပြုလုပ်သောမြန်မာ မိသားစုများနှင့် တွေ့
ဆုံပွဲတွင် ပြောကြားသည်။
ဒေသခံများ၏ ရေရှည် ဘ၀ အာမခံချက် မရှိခြင်း၊ သဘာဝတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာ
မှုအားနည်းခြင်း တို့ကြောင့်ဟုဆိုကာ ဒေသခံများက စီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို နေချိန်တွင်သမ္မတကြီး
၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ထိုသို့ ရုပ်သိမ်း နိုင်ကြောင်း သမ္မတရုံး ၀န်ကြီးလည်းဖြစ်သူ ဦးစိုး
သိန်းက ပြောကြားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို လုပ်ဆောင်သော ကုမ္ပဏီများ အနေနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိနိုင်ပြီး လူမှု တာဝန် ယူမှု ပစ်ပယ် ထားခြင်း ကြောင့်လည်း ယင်းသို့သော ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ဒီပြဿနာဖြစ်မယ်ဆိုတာလွန်ခဲ့တဲ့တစ်နှစ်နဲ့ခြောက်လကတည်းကအမြဲပြောနေတယ်။ သို့သော်လည်း ဖြစ်
တယ်"ဟု ဦးစိုးသိန်းက ဆိုသည်။

ဒေသခံများသည်မူလကသက်ဆိုင်ရာလျှော်ကြေးငွေများကိုကြည်ဖြူစွာ ရယူခဲ့သော်လည်း နောက်ပိုင်းတွင်
လျှော်ကြေးငွေတိုးတောင်းခြင်းစသည့်ပြဿနာများရှိလာပြီးစီမံကိန်းကိုရပ်ဆိုင်းရန်တာင်းဆို လာကြောင်း
မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က ပြောဆိုထားသည်။

"ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေး အင်အားစု တွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု ၄င်းကဆိုသည်။

လုပ်ဆောင်နေသောကုမ္ပဏီများအနေနှင့်လူမှုတာဝန်ယူမှုကိုကောင်းမွန်စွာ လုပ်ဆောင်ပါက ဒေသခံများ၏
 ထောက်ခံမှုရရှိနိုင်ကြောင်း ဦးစိုးသိန်းက သုံးသပ်သည်။

"ကျွန်တော် ထင်တာတာ့ Error (အမှား) ရှိတယ်"ဟု ၎င်းကဆိုသည်။

သမ္မတကြီး၏အမိန့်ဖြင့်ပြန်လည်သုံးသပ်နိုင်ကြောင်းဦးစိုးသိန်းကပြောဆိုသော်လည်း ပြန်လည် သုံးသပ်ခြင်း၊ မသုံးသပ်ခြင်း များဆက်လက်ပြုလုပ်မည်ကိုမူ သဲကွဲစွာပြောဆိုခြင်းမရှိပေ။

ယင်းစီမံကိန်းကိုမြန်မာ့စီးပွားဦးပိုင်လီမီတက်နှင့်တရုတ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဟုဆိုသော ၀မ်ပေါင် တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည်။
 
 
The Voice Weekly

0 comments:

Post a Comment