Pages

Friday, August 3, 2012

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ UDP က ထုတ်ဝေတဲ့ စာစောင် အတွက် တင်ထားတဲ့ငွေ ၅ သိန်းကို ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက သိမ်းယူ

Photo: မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ UDP က ထုတ်ဝေတဲ့ စာစောင်ဟာ
 နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရေးသား
 ဖော်ပြထားတယ်  ဆိုပြီး ပါတီထုတ်ဝေခွင့် အတွက် စပေါ် တင်ထားတဲ့
 ငွေ ၅ သိန်းကို ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက သိမ်းယူလိုက်ပါတယ်။

 UDP ပါတီရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ဒိုင်ဗားစတီး စာစောင် မျက်နှာဖုံး ဖော်ပြချက် နဲ့ ရေးသားချက်တွေဟာ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့ အတွက်ကြောင့် အရေးယူရတာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ
 ရေးသားထားပါတယ်။ 

UDP ပါတီ အနေနဲ့ ဒီ စာစောင်ကို ပြန်လည် ထုတ်ဝေမယ်ဆိုရင် နောက်ထပ် စပေါ်ငွေ ၅ သိန်း ပေးသွင်း ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ
 ဖော်ပြထားပါတယ်။

UDP ပါတီ ရဲ့ ဒိုင်ဗားစတီး စာစောင် မျက်နှာဖုံး ဖော်ပြချက်မှာ ဝန်ထမ်းတွေ အကျင့်ပျက် လာဘ်ယူနေတာကို သိလျက်နဲ့ အရေးမယူတဲ့ အစိုးရကို နောက်တကြိမ် မဲပေးမမှားကြဖို့ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ လအတွင်း ဆန္ဒပြခွင့် နည်းဥပဒေကို လွှတ်တော်က အတည်ပြုပေးခဲ့ ပြီးနောက် မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ UDP ဟာ ပထမဦးဆုံး အဖြစ် ပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်
မှာ လယ်မြေတွေ အဓမ္မ သိမ်းယူခဲ့တဲ့ ကုမ္ပဏီတွေကို ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။


RFA (Burmese)

0 comments:

Post a Comment