Pages

Friday, August 3, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်မှာ ဒေသခံတွေနဲ့ ထပ်မံတွေ့ဆုံ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ် ကော့မှုးမြို့နယ်ကို  သွားရောက်ပြီး ဒေသခံတွေနဲ့
 တွေ့ဆုံခဲ့ပါတယ်။

ကော့မှုးမြို့နယ်က မဟာဝိဇောဓရ ကျောင်းတိုက်မှာ ၀ါးဘလောက်သောက် 
 ကျေးရွာ အုပ်စုက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြသလို  လယ်သမားတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆည်မြောင်းတာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့  တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတစ်ခေါက် ခရီးစဉ်ဟာ   နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက်ပြီးနောက်ပိုင်း သူ့ရဲ့ မဲဆန္ဒနယ်မြေကို လာရောက်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် လယ်သမားတွေအရေးကို လွှတ်တော်မှာ တင်ပြနိုင်ဖွယ်ရှိတယ်လို့ အများက သုံးသပ်ပြောဆိုနေကြ ပါတယ်။


RFA (Burmese)

0 comments:

Post a Comment