Pages

Friday, August 3, 2012

ဝတပ်ဖွဲ့များနှင့် ရှမ်းပြည်တောင်ပိုင်း ယွက်ဆစ်ရဲ့တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်မူများဖြစ်ပွား


ဇူလိုင်လလယ်ပိုင်းတွင် Wa တပ်ဖွဲ့များ လှုပ်ရှားနေသည့် ရှမ်းပြည်တောင်ပိုင်း ဓည၀တီ - ဆန်စု လွယ်မွန်တောင်သို့ ရှမ်းပြည်တပ်
မတော်တောင်ပိုင်း ယွက်ဆစ်၏ တပ်ဖွဲ့များ နယ်မြေချဲ့ထွင် ၀င်ရောကလာမှုကြောင့် Wa တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ယခင်ဇွန်လလယ်ခန့်ကလည်း Wa တပ်ဖွဲ့လှုပ်ရှားနယ်မြေ နားယောင်းဘက်သို့ ယွက်ဆစ်တပ်ဖွဲ့ (၁၀၀) ကျော်ခန့် ၀င်ရောက်လာ
မှုကြောင့် Wa တပ်များ အင်အားဖြည့်တင်းကာ ပြန်လည်မောင်းထုတ်ခဲ့ ရကြောင်း သိရသည်။

ယခုတစ်ကြိမ် ဒေသအခေါ် လွယ်မွန်တောင်ဘက်သို့ ယွက်ဆစ်အဖွဲ့မှဗိုလ်လုံ စိုင်းဘထွန်း အပါအ၀င် (၇၀) ခန့် ၀င်ရောက်လာခဲ့ပြီး Wa အဖွဲ့မှ နားကောင်းမူကျေးရွာနှင့် ဟိုပန် / ဟိုရွတ် ကျေးရွာများတွင် အင်အားများ စုဖွဲ့၍ ပြန်လည်တိုက်ထုတ်ရန်ြ
ပင်ဆင်လျက်
ရှိကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားပါက နယ်မြေခံ ကျေးရွာများမှ ထိခိုက်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

မုန်းထားနယ်မြေဘက်တွင်လည်း ယွက်ဆစ်တပ်ဖွဲ့ဝင်များ ၀င်ရောက်နေထိုင်မှုအပေါ် Wa တပ်ဖွဲ့ များမှ ကျေနပ်မှု
မရှိကြောင်းနှင့် 
ယခုကဲ့သို့ လွယ်မွန်တောင်ဘက်သို့ နယ်မြေချဲ့ထွင် ၀င်ရောက်လာမှုအပေါ် လုံးဝသည်းခံမည်မဟုတ်ကြောင်း Wa ခေါင်းဆောင်
တစ်ဦးမှ ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။


မြန်မာ့သားကောင်းဘလော့

1 comments:

Anonymous said...

ဝ တပ်ကအမျိုးသားသစ်စဖေါက်ကောင်တွေပဲ

Post a Comment