Pages

Friday, August 3, 2012

ရန်ကုန်မြို့ အိတ်စ်တူးအို သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံလို့စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင်ပြန်လွတ်ပြီ



၂ဝ၁ဝ ခုနှစ်က ရန်ကုန်မြို့ အိတ်စ်တူးအို သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ကိုဖြိုးဝေအောင်ကို ကျင့်ထုံးဥပဒေ ပု
ဒ်မ (၄ဝ၁) အရ လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကြောင်းနဲ့ ကျန်းမာရေးကြောင့် အခုလို လွှတ်လိုက်တယ်လို့ ယူဆကြောင်း ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးက ပြောပါတယ်။

ကင်ဆာ ရောဂါ ခံစားနေရတဲ့ ကိုဖြိုးဝေအောင်ဟာ မကြာသေးခင်က ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့ အတွက် အင်းစိန်ဆေးရုံမှာ ကုသမှု ခံယူနေရတာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တာနား က ကိုဖြိုးဝေအောင်ကို တနင်္လာနေ့က အင်းစိန်ဆေးရုံမှာ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် အာဏာပိုင်တွေက အခုလို လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

အိတ်စ်တူးအို သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ကိုဖြိုးဝေအောင် ပါဝင် ပတ်သက်တယ်ဆိုတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပေမယ့် တရားရုံးက သေဒဏ် ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကိုဖြိုးဝေအောင်ကို ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်း တောင်းဆိုခဲ့ကြပါတယ်။

လောလောဆယ် ကိုဖြိုးဝေအောင်ဟာ အသည်းကင်ဆာရောဂါကြောင့် ကိုယ်အောက်ပိုင်း သေနေပြီး အင်းစိန်ဆေးရုံမှာပဲ ဆက်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။





RFA (Burmese)

0 comments:

Post a Comment