Pages

Friday, August 3, 2012

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေရှိ ဒေသခံ တွေရဲ့အခက်ခဲတွေ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကွင်းဆင်း လေ့လာ

Photo: ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာ အခက်အခဲ တွေ့နေတဲ့
 ဒေသခံ တိုင်းရင်းသားတွေရဲ့ အခြေအနေကို ၈၈ မျိုးဆက်
 ကျောင်းသားများအဖွဲ့က ကွင်းဆင်း လေ့လာနေတယ်လို့ သိရပါတယ်။ 

ဒီခရီးစဉ်မှာ- အဖွဲ့ခေါင်းဆောင် ကိုကိုကြီးနဲ့အတူ ကိုဇော်မင်း (ခေါ်)
 ဘောင်းဘောင်း၊ မနီလာသိန်း နဲ့ မမီးမီးတို့ လိုက်ပါသွားပြီး ဒီနေ့ နေ့လည်မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ကျေးရွာအုပ်စုကို
 ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

မနေ့ညကတော့ ရမ်းဗြဲမြို့မှာ ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး
 ဒေသတွင်း အခြေအနေ တွေကို မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။ 

အခု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သွားရောက်ခဲ့တဲ့ ကျောက်နီမှော်
 ဒေသဟာ ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တဲ့ ရာဇဝတ်မှု စတင်ခဲ့ရာ ဒေသ
 ဖြစ်ပါတယ်။

(Photo: 88 Students Generation)


ခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။ 


0 comments:

Post a Comment