ပြည်တွင်းရွှေဈေးနှုန်းများမှာ လွန်ခဲ့သောနှစ်ပတ်ကထက် ရွှေတစ်ကျပ်သားလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင် မြင့်တက်လာသော်လည်း အရောင်းအဝယ်လျော့ကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်ကြီးမျာ
က ဆိုသည်။
“ရွှေဈေးတက်တာက ကမ္ဘာ့ရွှေဈေးတက်လို့တက်ရတာပါ။ရွှေဈေးတက်တာနဲ့အရောင်းအဝယ်မဖြစ်တာက
တာ့ သိပ်မဆိုင်ဘူးရွှေဈေးတက်လည်း ပိုက်ဆံရှိရင်ဝယ်နေကျတာပဲ"ဟု တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်
က ပြောသည်။
ပြည်တွင်းရွှေဈေးမှာသြဂုတ်(၃)ရက်နေ့အထိ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၃၆၇ဝဝ)ကျပ် ဝန်းကျင်
ရှိပြီး။ ၁၅ပဲရည်တစ်ကျပ်သားလျှင် (၆၉ဝဝဝဝ)ကျပ်ဝန်းကျင်ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၁၆၁၃)ဒေါ်လာဝန်းကျင်ရှိကြောင်း သိရှိရသည်။
ယခင်နှစ်ပတ်ခန့်က ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၃ဝဝဝဝ)ကျပ်ဝန်းကျင်ရှိခဲ့ပြီး၁၅ပဲရည်
တစ်ကျပ်သားလျှင် (၆၈ဝဝဝဝ)ကျပ်ဝန်းကျင်ရှိခဲ့ကာ ကမ္ဘ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင်(၁၅၇၈)ဒေါ်လာ
ဝန်းကျင်ခန့်ရှိခဲ့ကြောင်းသိရှိရသည်။
သမာဓိရွှေဆိုင်မှလည်း ရွှေဈေးတက်ခြင်းနှင့်ပတ်သက်၍အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်း
ကို မြစ်မခမီဒီယာသို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ယခုနှစ် ရွှေဈေးမှာ (၇၃ဝဝဝဝ)မှ(၇၄ဝဝဝဝ)ကျပ်ဝန်းကျင်သာပတ်ချာလည် ဈေးရှိနေသော်
လည်း ယခင်နှစ်ကလောက် ရွှေဈေးတက်ခြင်းမရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများက ဆိုသည်။
ယခင်နှစ်များကမူ ရွှေဈေးမှာ (၇၈ဝဝဝဝ)ကျပ်ဝန်းကျင်ထိတက်သွားကြောင်းကိုလည်း ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးရွှေကြည်၏ပြောပြချက်အရ သိရသည်။
ထိုကဲ့သို့ရွှေဈေးအနည်းငယ်မြင့်တက်နေခြင်းကြောင့် မြန်မာလူမျိုးတို့၏ဓလေ့ထုံးစံအတိုင်း ရွှေဝယ်ယူစု
ဆောင်း ခြင်းအလုပ်ကို ပုံမှန်ဝင်ငွေရှိသူ ဝန်ထမ်းများအနေဖြင့် ဝယ်ယူစုဆောင်းခြင်း မပြုသေးဘဲ ရွှေဈေး
အကျကို စောင့်မျှော်လျက်ရှိကြောင်းလည်း ရွှေဆိုင်များကဆိုသည်။
မြစ်မခသတင်းမီဒီယာ
0 comments:
Post a Comment