Pages

Sunday, August 19, 2012

မြန်မာမိသားစုအား ငွေကြေးလုယူ မဖွယ်မရာပြုမူသည့်မဟာချိုင် ရဲ၃ဦးအား အရေးယူ


မြန်မာအလုပ်သမား မိသားစု၃ဦး   ဈေးဝယ်ရန်သွားစဉ် ပါလာသည့် ဘတ်ငွေ တစ်သောင်းကျော်အားယူေ ဆာ င်ပြီး တစ်နှစ် ၈လ အရွယ် ကလေးငယ်အား ခြောက်လှန့်  သားကြီးကို ပါးရိုက်၊ အမေကို အင်း ဂျီနှင့်ေ ဘာင်းဘီချွတ်ခိုင်း သည့် မဟာချိုင် ရဲသုံးဦးအား အရာရှိများက တာဝန် မှရပ်နားလို က်ပြီဖြစ်ကြောင်း  သိရ
သည်။


သြဂုတ်လ၁၆ ရက်နေ့နေ့ လည်ပိုင်းက မဟာချိုင်မြို့နယ် ဖက်ကဆ င်လမ်း အုန်းနွဲ့ ဒန်စီဖက်စီဖစ်တလာဒန်
ချမ်းအနီး မြန်မာဈေးဆိုင်   ရောင်းချသည့် အသက် ၄၀ အရွယ် ဒေါ်ခင်ဝင်း အသက် ၂၁ နှစ်အရွယ်မောင်ကို
ကို နှင့် တစ်နှစ်နှုင့် ၈လအရွယ် ၀ီချိုင် တို့  သားမိ ၃ဦး ဈေးဝယ်ရန် မဟာချိုင်မြို့သို့ လာကြစဉ်ကီလိုစစ်
စောင် အနီး  မီးပွိုင့်တွင် ရပ်နေစဉ် ဆိုင်ကယ်စီး ရဲတစ်ဦး အနား သို့ ကပ်လာပြီး တက္ကစီ အား တံခါးခေါက်
လျှက် ပတ်စပို့ စစ်ဆေးသည်။

ပတ်စပို့ အား ထုတ်ပြစဉ် ဈေးဝယ်ရန် ပါလာ သည့် ငွေများအား ထိုင်းရဲများက မြင်တွေ့ သွားခဲ့ သဖြင့် ကီလို
စစ်စောင် ဘန်ပါရဲကင်း အတွင်းသို့   ခေါ်ယူလာခဲ့သည်။

ဒေါ်ခင်ဝင်း က “ ရဲစခန်းထဲ ရောက်တော့ အထဲက ၂ ယောက်က ကျမကို အခန်းတစ်ခုထဲကို ခေါ်သွားပြီး
တော့ အ၀တ်တွေကိုချွတ်တယ်၊  ပိုက်ဆံအိပ်ထဲက ငွေ တစ်သောင်းကျော်လောက်ယူထားလိုက်တယ်၊ကျမ
လည်ပင်းမှာပါတဲ့ ရွှေဆွဲကြိုးနဲ့ လော့ကက်သီးကိုလည်း   ဖြုတ်ခိုင်းတယ်၊ ကျမက ဖြုတ်မပေးဘူး။ကျမသား
ကြီး ကို ၀င်ဝင်ချင်း ပါးရိုက်ပစ်တာ၊ သားငယ်ကလေးကို နားရွက်နားကပ်ပြီးတော့ (မင်းဘာဖြစ်လို့ ထိုင်းမှာ
လာမွေး တာလဲ) ဆိုပြီး အကြိမ်ပေါင်းများစွာ အော်ပစ် လိုက်တာ၊ အခန်းကလည်းလုံ ဆိုတော့ အသံကအ
ကျယ်ကြီးပဲ ကလေး အကြီးအကျယ် ကြောက်သွားတယ်။ ကလေး ဒီနေ့ အထိ ယောက်ျားကြီးတွေကိုမြင်ရင်
အော်ငိုတယ်” ဟုပြောသည်။

 ယနေ့  နေ့ လည်ပိုင်းက ဒေါ်ခင်ဝင်းတို့ အိမ်ခန်းနှင့် အခင်ဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ
သားများအဖွဲ့ MAT  ဒါရိုက်တာ ဦးကျော်သောင်း နှင့် မဟာချိုင်တာဝန်ခံ ကိုခိုင်ကြီး တို့က  မြန်မာသံမှူးဦးနိုင်
ထွန်း နှင့် အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် တို့ကို သတင်းပေးပို့ပြီးနောက် သွားရောက် ကူညီ ဖြေ
ရှင်းပေးခဲ့ကြခြင်းဖြစ်သည်။

ဒေါ်ခင်ဝင်း က “ ကျမက  ပိတ်ဆံ တစ်သောင်း ရလို့ မကျေနပ်နိုင်ဘူး၊ ဒီပုလိပ်တွေ ကိုရာထူးက မဖြုတ်ဘူး
ဆိုရင် အမှုဖွင့်မယ်၊ ဒီလူတွေ ရာထူးမပြုတ်ရင် မြန်မာသမီးပျိုတွေကို ဒီလိုပဲ မတရားပြုကျင့်နေအုံးမယ်။
ဗမာမြင်သမျှ ဖမ်းစားနေမယ်၊ မပြုတ်ရင် ကျမ အမှုဖွင့်မယ်ပြော တော့ ကျမရှေ့ မှာပဲ ရဲအ၀တ်အစားတွေ ကို
ချွတ်စေတယ်၊ကျမတော့ ဖြုတ်ပစ်တယ်လို့ထင်ပါတယ်။ ကျမလည်း MAT အဖွဲ့မှာ တိုင်ကြားထားတာကို ရုပ်
သိမ်းပေးမယ်လို့ ပြောခဲ့ပါတယ်”ဟုပြောသည်။

ဒေါ်ခင်ဝင်းတို့နှင့်သိကျွမ်းပြီး လိုက်လံကူညီပေးသည့် ခေါင်းမဒေးယား အနီးရပ်ကွက်ရှိ ရဲအရာရှိကြီး တစ်ဦး က လေးထပ်ရဲစခန်းကြီး မဟာချိုင် ရဲအရာရှိကြီးများရုံးခန်းတွင်  အကျင့်ပျက်သည့် ပုလိပ်၃ဦးအတွက်နှစ်နိုင်
ငံ အစိုးရ တို့ မျက်နှာပျက်မခံနိုင်ကြောင်း၊ ရဲများ အဓမ္မယူဆောင်ခဲ့သည့်ဘတ်ငွေ ၁၀၀၀၀ ကို ပြန်လည်ပေး
ချေပြီးနောက် အမှုဖွင့် အရေးယူခြင်းမျိုး ဆက်လက်မလုပ်ဆောင်ပါရန် MAT အဖွဲ့သို့   ပြောဆိုညှိနှိုင်းပေး
သည်။


အဆိုပါ ဘန်ပါရဲကင်း သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ထိုင်းနိုင်ငံရေးနစ်မြုတ်စဉ် မဟာချိုင်ယာယီ ကယ်ဆယ်ရေး စခန်းသို့လာရောက်ခိုလှုံသည့်ပန်းရံအလုပ်သမား၃ဦးတို့ထံမှလက်ကိုင်ဖုန်း၊ ကြောပိုးအိပ်နှင့်
ပန်ကာ ကအစသိမ်းယူထားပြီး လူများကို မဟာချိုင် လေးထပ်အချုပ်ခန်းသို့ ပို့ဆောင်ထားခဲ့သည်။

ထိုစဉ်ကာလကက ၎င်း ရဲကင်းကပင် ကယ်ဆယ်ရေးစခန်းသို့လာခဲ့ကြသောခြုံဘူရီသစ်စက် မှမြန်မာ အလုပ် သမား၇ဦးတို့ထံမှ ဘတ်ငွေ ငါးသောင်းကိုလည်း သိမ်းယူထားခဲ့သည်။

ထိုကိစ္စရပ်တို့အားထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ကကယ်ဆယ်ရေးစခန်းမှသွားရောက် ဖြေရှင်းခဲ့
ဖူးသည်။ 
 
ရွှေလုပ်သား ဘလော့ , မြန်မာ့သားကောင်း

0 comments:

Post a Comment