Pages

Sunday, August 19, 2012

ထိုင်းမြန်မာနယ်စပ် ကော့သောင်းနဲ့ ရနောင်းမြို့တွေက မြန်မာပဲ့ချိတ်လှေသမား (၅၀) ခန့် ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား

ထိုင်းမြန်မာနယ်စပ် ကော့သောင်းနဲ့ ရနောင်းမြို့တွေမှာ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာ မြန်မာပဲ့ချိတ်လှေသမား (၅၀)
ခန့်က မိမိတို့လုံခြုံရေးအတွက် အကူအညီပေးဖို့ မနေ့ မနက်က အာဏာပိုင်တွေကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းနယ်စပ်ရနေ
ာင်းကနေ မြန်မာဘက်ခြမ်းပြန်မယ့် အလုပ်သမားတွေကို စဖန်ပလာလို့ခေါ်တဲ့ ဆိပ်ကမ်းမှာ ထိုင်းလူမိုက်တွေက သူတို့နဲ့ မသက်ဆိုင်ဘဲမြန်မာအလုပ်သမားတွေရဲ့ ယာယီပတ်စပို့စ်တွေကို ယူကြည့်ပြီး အကြောင်းအမျိုးမျိုးပြ ငွေညှစ်လေ့ရှိတဲ့အ

တွက် ပြီးခဲ့တဲ့သြဂုတ် ၁၄ ရက်နေ့က မြန်မာတဦးနဲ့ ထိုင်းနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်၊ 

အလားတူ ၁၅ ရက်နေ့မှာလည်း ထိုင်းနဲ့မြန်မာ ပဲချိတ်သမားအချင်းချင်း ခရီးသည်လုရာက မြန်မာဘက်ခြမ်း ကော့သောင်ဆိပ်ကမ်း

မှာ ထိုင်းနဲ့မြန်မာလှေသမားအချင်းချင်း ထပ်မံခိုက်ရန် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နဲ့တစ်ဘက် ကူးလူးသွားလာမှု မလုပ်ရဲတော့တာ

ကြောင့် မြန်မာလှေသမားတွေက မြို့နယ်အုပ်ချုပ် ရေးမှူးရုံးကို ချီတက်ပြီး ဒီကိစ္စတွေကို ကြားဝင်ဖြေရှင်းပေးဖို့ ဆန္ဒပြ အကူအညီ

တောင်းခဲ့တာပါ။ 

ဒီအခြေအနေကို ခရိုင်ရဲမှူး ဦးမျိုးသန့်ကျော်နဲ့ ထိုင်းမြန်မာ နယ်ခြားကော်မတီအာဏာပိုင်တွေက အချိန်မှီ ထိန်းသိမ်းခဲ့ရကြောင်း 

နယ်ခြားကော်မတီ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ပဲ့ချိတ်သမားတွေက ဆိပ်ကမ်းမှာလူစုတယ်။ ဆန္ဒပြမယ် ဆိုပြီးတော့ သူတို့မြို့နယ် အုပ်ချုပ်ရေးရုံးကို ချီတက်သွားတယ်ပေါ့ဗျာ။ ချီ

တက်တဲ့ အချိန်မှာ ကော့သောင်းခရိုင်ရဲမှူးနဲ့ အဖွဲ့က အခြေအနေသွားထိန်းတယ်၊ ထိန်းပြီးတော့ ကျနော်တို့ဆီကို ခရိုင်ရဲမှူး လိုက်

လာတယ်၊ ကျနော်တို့က ထိုင်းကို ဖုန်းပြန်ဆက်ပြီးတော့ ထိုင်းဘက်မှာ လုံခြုံရေးတင်းကျပ်ဖို့ ကျနော်တို့ လှမ်းပြောပေးတယ်ခင်ဗျ၊ ပြီးတော့မှ တဘက်နဲ့တဘက် သူတို့မသွားရဲ မလာရဲဖြစ်နေတာကို ကျနော်တို့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ထိုင်းကလှေ

တွေလည်း လာလို့ရပါတယ်။


မြန်မာဘက်ကို မြန်မာဘက်ကလည်း ရဲရဲတင်းတင်းသွားပါဆိုပြီးတော့ ကျနော်တို့က ပြန်စပေးရတာပေါ့။ အသွားအလာတန့်နေတဲ့

အခါပေါ့ ။ အဲဒီလိုလုပ်ပေးပါတယ်”

မြန်မာအလုပ်သမားတွေ အနေနဲ့ကလည်း အရေးအကြောင်း ဖြစ်လာရင် ဘယ်ကိုတိုင်ကြား ရမှန်းမသိ ဖြစ်နေတာကြောင့် အခုလာ

မယ့် နယ်ခြားကော်မတီအစည်းအဝေးမှာ တိုင်ကြားလို့ရနိုင်မယ့် ဖုန်းနံပါတ်တွေ ထုတ်ပြန်နိုင်အောင် တင်ပြသွားဖို့ စီစဉ်နေကြောင်း

လည်း အဆိုပါ အရာရှိက ပြောဆိုပါတယ်။

 

 

RFA (Burmese)

0 comments:

Post a Comment