Pages

Sunday, August 19, 2012

ကမ္ဘာကျော် ဂျပန် လက်ရွေးစင် ဘောလုံးသမားဟောင်းဟီဒဲတိုရှိနာ ကာ တာ ယနေ့ ညနေက မြန်မာနိုင်ငံရောက်ရှိ

 
ကမ္ဘာကျော်ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်းဟီဒဲတိုရှိနာ ကာ တာ သည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာ ရီအချိန်က ထိုင်းလေ  ကြောင်း လို င်းမှတစ်ဆင့် မြန်မာနိုင် ငံသို့ ရောက် ရှိ လာ ပြီဖြစ် သည်။ 
နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း သြဂုတ်လ(၂၀)ရက်တွင်မြန် မာနိုင်ငံဘာလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပ ဒုမ္မာ ကွင်း ၌မြန်မာယူ-၁၉ အမျိုးသားအသင်း၊မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းတို့နှင့်ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန်စီစဉ် ထား
ကြောင်း လည်း သိရသည်။

နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အကြံ
ပြုဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ 
 

နာကာတာသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်၂၀၀၇ ခုနှစ် ဇွန်လအတွင်း
က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ကာ ဇွန်လ ၇ ရက်နေ့က လက်ရွေးစင်ကစားသမားများ၊ လက်ရွေးစင်ဟောင်းကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာ ၀န်ရှိသူများနှင့် ရန်ကုန်မြို့ သုဝဏ္ဏအား
ကစားကွင်းတွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲတစ်ခု ကစားခဲ့ရာ ပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေးခဲ့
သည်။
 

နာကာတာသည် ဂျပန်လက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမားအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း ၇၇ ပွဲ ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူထားနိုင် ခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစား သမားအ
နေဖြင့် စီးရီးအေကလပ် ပီရူး ဂျီယာ၊ ရိုးမား၊ ပါးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား၊ ပရီးမီးယားလိဂ်ကလပ်
ဘော်လ်တန်အသင်းတို့တွင် ကစားခဲ့ပြီး အသက် ၃၀ ၌ အနားယူခဲ့သူဖြစ်သည်။

EMG Media:

0 comments:

Post a Comment