ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ
မိမိဆန္ဒအရနုတ်ထွက်သွားပြီလို့ သိရပါတယ်။ သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လ
က်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်
ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်
ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာလိုက်ရမလားလို့ ၂ လမ်းပေး
ပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့
ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"
အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇတ်ဆောင်
အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇတ်ဆောင်
သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲ
က ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။
ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။
RFA (Burmese)
မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာသရုပ်ဆောင်မယ့် ကိုကျောက်ခဲက သူ့ဘာသာ အရင်ကတည်းကအိမ်ထောင်
ရေး အဆင်မပြေတာရှိခဲ့ တာပါ။ ဒါကို အကျင့်မကောင်းလို့ အများပြည်သူကို ကြေငြာပြီး ထွက်ခိုင်းမယ်လို့ ခြိမ်းခြောက်တာ
တော့မကောင်းပါဘူး။ ဘယ်လူသားမှ အမှားနဲ့မကင်းကျဘူး။ စစ်ဆေးတဲ့ အဖွဲ့ ၀င်တွေရော သူ့လိုမမှားခဲ့ကြဘူးလို့လား လို့ပြန် မေးခွန်းထုပ်စရာဖြစ်နေတယ်။ မြန်မာပြည်က ဒီမိုကရေစီရသွားလဲ အရင်လိုဘာမှမပြောလဲနိုင်ပါလား။ဦးသိန်းစိန် အာဏာရ
လည်း ဒီပုံစံပဲ၊ အမေစုလွတ်တော်ထဲရောက်သွားတော့လည်းဒီပုံစံတွေချည်းပါပဲ။ စိတ်ပျက်စရာကောင်းတယ်။
0 comments:
Post a Comment