Pages

Sunday, August 19, 2012

၂၀၁၂-၂၀၁၃ ဘောလုံးရာသီ၏ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များကို ယနေ့ စတင်ယှဉ်ပြိုင်ကစား

၂၀၁၂-၂၀၁၃ ဘောလုံးရာသီ၏ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များကို ယနေ့ စတင်ယှဉ်ပြိုင်ကစားရာ အာ
ဆင်နယ်နှင့် လီဗာပူးလ်တို့ အခြေအနေမလှ ဖြစ်ခဲ့ကြသည်။ 


အာဆင်နယ်မှာ အိမ်ကွင်းတွင် ဆန်းဒါးလန်းနှင့် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ
သည်။ လီဗာပူးလ်အသင်းမှာ ဝက်စ်ဘရွန်းနှင့် အဝေးကွင်းပွဲစဉ် စတင်ယှဉ်ပြိုင်ကစားရာတွင် ၃ ဂိုးပြတ် ရှုံး
နိမ့်ပြီး ပွဲဦးထွက်တွင် အခြေမလှ ဖြစ်ခဲ့သည်။

အခြားပွဲစဉ်များတွင် ဖူလ်ဟမ်၊ ဆွမ်ဆီးအသင်းတို့ ၅ ဂိုးပြတ်စီဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြသည်။ ရီးဒင်းနှင့် စ
တုတ်ပွဲစဉ်မှာ တစ်ဂိုးစီသရေကျခဲ့ပြီး ဝက်စ်ဟမ်းက အက်စတန်ဗီလာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
နယူးကာဆယ်နှင့် တော့တင်ဟမ် ဟော့စပါးတို့၏ ပွဲစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ၁၁း၀၀ နာရီတွင်ဆက်
လက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။



ပရီးမီးယားလိဂ် ပွဲစဉ် (၁) အစောပိုင်းပွဲစဉ် ရလဒ်များ

* အာဆင်နယ် ၀ - ၀ ဆန်းဒါးလန်း
* ဖူလ်ဟမ်       ၅ - ၀ နောဝစ်ခ်ျ
*ကျူပီအာ       ၀ - ၅ ဆွမ်ဆီး
*ရီးဒင်း            ၁ - ၁ စတုတ်
*ဝက်စ်ဘရွန်း  ၃ - ၀ လီဗာပူးလ်
*ဝက်စ်ဟမ်း    ၁ - ၀ အက်စတန်ဗီလာ
*နယူးကာဆယ် vs တော့တင်ဟမ် ဟော့စပါး
Planet Myanmar Media:

0 comments:

Post a Comment