ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့အတွက်ဗြိတိန်နိုင်ငံရောက် ကချင်
ရိုးရာအစားအစာ ရောင်းချပြီး ရံပုံငွေရှာခဲ့ကြတာပါ။ ဒီ ပွဲတက်ရောက်သူတွေကို လက်ရှိ ကချင်ပြည်နယ်
တွင်း စစ်ဘေးဒုက္ခသည်တွေ နဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ အခြေအနေကို ရှင်းပြသလို
လက်တလော ကချင်ပြည်နယ်ရဲ့ အခြေအနေကို ထင်ဟပ်ဖေါ်ပြတဲ့ ဓာတ်ပုံအထောက်အထားတွေကို
လည်း ပြသထားပါတယ်။
လန်ဒန်ရောက် KNO ကချင်အမျိုးသား အစည်းအရုံးအဖွဲ့ဝင် တချို့ဟာပြီးခဲ့တဲ့ရက်ပိုင်းက တရုတ် မြန်မာ
နယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့ကြပါတယ်။
အဲဒီကနေ ပြန်ရောက် လာခဲ့သူတွေ အဓိကထား ရှင်းပြတာကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ
လက်ရှိ ဆေးဝါးမလုံ လောက်ဘဲ၊ အခုလို မိုးတွင်းကာလမျိုးမှာ ရေသန့်မရရှိတာကြောင့် အရေပြားမှာ
ဖြစ်တဲ့ ရောဂါနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေတဲ့ အခြေအနေတွေကိုပါ။
အခု ရံပုံငွေပွဲကရတဲ့ ငွေကြေးတွေကို တရုတ်မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို
တိုက်ရိုက် ပေးပို့လှူဒါန်းသွားမယ့်အကြောင်း KNO ကချင်အမျိုးသားအစည်းအရုံး UK ဒုဥက္ကဋ္ဌ က
ပြောပါတယ်။
Ref: RFA (Burmese)
0 comments:
Post a Comment