Pages

Sunday, July 8, 2012

နာမည်ကျော် Angry Birds ဂိမ်း ထုတ်လုပ်သည့် Rovio ကုမ္ပဏီက ဂိမ်းဇာတ်ကောင်ငှက်များနေရာတွင် ဇတ်ကောင်အသစ်အစာထိုးတော့မည်


နာမည်ကျော် Angry Birds ဂိမ်း ထုတ်လုပ်သည့် Rovio ကုမ္ပဏီသည် ဂိမ်းကစားသူများ အနေဖြင့် ဂိမ်းဇာတ်ကောင်အဖြစ် ငှက်များနေရာမှ မဟုတ်ဘဲ ဝက်များနေရာတွင်လည်း ဘက်ပြောင်း၍ ကစားနိုင်ရန် စီစဉ်နေကြောင်း မိုဘိုင်းဖုန်းဝက်ဘ်ဆိုက် Pocket-lint က ပြောကြားသည်။


Angry Birds ဂိမ်းဆော့သူများ အနေဖြင့် ဝက်များနေရာမှ လက်စားချေသည့် ပုံစံဖြင့် ဆော့ကစားနိုင်မည်ဟုဆိုသည်။ Pocket Lint ၏ အဆိုအရ Angry Birds ဂိမ်းအသစ်တွင် ဝက်များက ငှက်များထံမှ ခိုးယူခဲ့သော ဥများကို ကာကွယ်ရမည့် ဇာတ်လမ်းပုံစံ ဖန်တီးထားကြောင်း သိရှိရသည်။

၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Rovio သည် Angry Birds ဂိမ်းကို စတင်ဖန်တီးခဲ့ပြီ ၂ နှစ်အကြာ ယခုလက်ရှိအချိန်တွင် ကုမ္ပဏီ၏တန်ဖိုးမှာ ပေါင်စတာလင် ၅ ဒသမ ၅ ဘီလျံအထိရှိနေပြီ ဖြစ်သည်။

Ref: Planet Myanmar Network:

0 comments:

Post a Comment