Pages

Sunday, July 8, 2012

ကျောင်းသားသမဂ္ဂအဆောက်အဦးးဖြိုဖျက်ခံရမှုနှစ်ငါးဆယ်ပြည့်အခမ်းအနား မန္တလေးတွင်ကျင်းပ


ဗမာပြည်ကျောင်းသားသမဂ္ဂအဆောက်အဦးးဖြိုဖျက်ခံရခြင်း နှစ်ငါးဆယ်ပြည့် ရွှေရတုအခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိမြ၀တီမင်းကြီးကျောင်းတိုက်တွင် အကျဉ်းရုံးကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့ရှိအခြားဆရာတော်များ ၊လူမှုရေးအဖွဲ့အစည်းများနှင့် ကျောင်းသား အနည်းငယ် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမကျင်းပခင် အစောပိုင်းကကျောင်းတိုက်အတွင်းရှိဆရာတော်များကိုဆွမ်းကပ်ခဲ့ပြီး သမဂ္ဂဖြိုဖျက် မှုတွင်ကျဆုံးခဲ့ကြသော ကျောင်းသားရဲဘော်များအတွက် ရေစက်ချအမျှဝေခဲ့ကြသည်။

သမဂ္ဂအဆောက်အဦးဖြိုခြခံရခြင်းနှစ်ငါးဆယ်ပြည့်အခမ်းအနားမကျင်းပမီ တစ်ညအလိုတွင် အခမ်းအနားကျင်းပမည့်မြ၀တီမင်းကြီးကျောင်းတိုက်တွင်းရှိနေသောကျောင်းသားအချို့အား
သက်ဆိုင်ရာမှခေါ်ယူသွားခဲ့ကြောင်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြ၀တီမင်းကြီးဆရာတော်မှအခမ်းအနားဖြစ်မြောက်ရန်အတွက် တာဝန်ခံထားရ ကြောင်းသိရပြီးနှစ်ဖက်ပြသနာများမဖြစ်ပွားရန်အာမခံထားမှုမျိုးများလဲရှိကြောင်းကို
အခမ်းအနားတွင်ပြော ကြားခဲ့သည်။

`` သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဘုန်းကြီးတို့နားလည်မှုအများကြီးယူထားရတာပါ၊ နှစ်ဖက်နဲ့မဖြစ်သင့်တာ တွေမဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်ထားတာဖြစ်တယ်၊ အထူးသဖြင့်ဘုန်းကြီးက တာဝန်ခံပြီးဆောင်ရွက် ထားတာဖြစ်တယ် ´´ ဟု
မြ၀တီမင်းကြီးကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တအရိယ၀ံသာဘိဝံသမှမိန့်ကြား သည်။

ဆက်လက်ပြီး ဆရာတော်မှ ပြောင်းလဲလာသည့်နိုင်ငံရေးအရွှေ့တွင်ယခင်ခေတ်ဟောင်းပုံစံ
မျိုးများဖြင့် လုပ်ဆောင်ရန် မသင့်တော့ကြောင်းကိုဆက်လက်ပြောကြားခဲ့သည်။

`` ဒီလောက်ကြီးခါးတောင်းကျိုက်နေရမဲ့ကာလလဲမဟုတ်တော့ဘူး ၊ ဘာလို့လဲဆိုတော့သူတို့လုပ်ခဲ့တဲ့ အလုပ်တွေက ရွှေ့ကုန်ပြီလေ ၊ အရွှေ့တွေကလဲ ရွှေ့ကုန်ပြီလေ ၊ညင်သာတဲ့ နှစ်ဖက် 
သဟဇာတဖြစ်အောင် လုပ်ဆောင်ပြီး ရှေ့ဆက်ရမဲ့ကာလဖြစ်တယ် ´´
ဟု အဆိုပါဆရာတော်မှ မိန့်ကြားသည်။

ဇူလိုင်(၇)ရက်နေ့အခမ်းအနားကိုစီစဉ်သူဖြစ်သူ ရဲရင့်ကျော်ကယနေ့ပွဲဖြစ်မြောက်ရန်အတွက်
သုံးလမျှ ကြိုတင် စီစဉ်ခဲ့ရကြောင်းနယ်ပေါင်းစုံသို့ စည်းရုံးရေးခရီးများသွားခဲ့ရကြောင်း ၊ တာဝန်ရှိသူများက
ခေါ်ယူမေးမြန်း မှုများရှိခဲ့ကြောင်း ၊ ၎င်းတို့ဖက်မှ တာဝန်ရှိသူများကိုလမ်းပေါ်သို့တက်၍ဆူပူမှု
များပြုလုပ်ရန် အစီအစဉ်မရှိကြောင်းအာမခံမှုများပေးထားခဲ့သော်လည်း အာဏာပိုင်ဖက်မှ၎င်းတို့
အပေါ်တွင်ကတိမတည်ခဲ့ကြောင်း များပြောဆိုခဲ့သည်။

`` ဒီဆဲဗင်းဇူလိုင်နဲ့ပတ်သတ်ပြီးတော့ အာဏာပိုင်က ဘယ်အတွေးမျိုးနဲ့နာနာကျည်းကျည်း 
ကျနော်တို့ကို တားစီးတာလဲဆိုတာတော့ မသိပါဘူး´´ ဟုရဲရင့်ကျော်က အခမ်းအနားတွင် ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦးပြန်လည်
တည်ဆောက်ရန် ဆွေးနွေးခဲ့ကြပြီး အလုပ်အမှုဆောင်ကော်မတီများဖွဲ့၍အလှူငွေကောက်
ခံခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment