Pages

Sunday, July 8, 2012

လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းမှ လုပ်သားများ၏ တောင်းဆိုချက် အောင်မြင်


မုံရွာ၊ ဇူလိုင်-၇

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ သတ္တုတူးဖော်သော မြန်မာဝမ်ပေါင် ကုမ္ပဏီရုံးရှေ့တွင်  ဇူလိုင် ၇ ရက် နံနက်ပိုင်းက လုပ်ခလစာ အပြည့်အ၀ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော အလုပ်သမား ၈၀ ၏ တောင်းဆိုမှုကို ကုမ္ပဏီက လိုက်လျောခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ဆီနိုဟိုက်ဒရိုလုပ်ငန်းဌာနခွဲမှ ၀န်ထမ်း ၈၀ ကျော်တို့သည်  လုပ်ခလစာ အပြည့်အ၀ရရှိရန်၊ သတ်မှတ်အလုပ်ချိန်အပြည့် အလုပ်ဆင်းရရန်နှင့် အလုပ်နားမည်ဆိုပါက ကြိုတင်အကြောင်းကြားရန်  ပထမဆုံးအ ကြိမ်အဖြစ် ၂ နာရီကြာ တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။

“အခုတောင်းဆိုတာက အလုပ်သမားများကို သတ်မှတ်ထားတဲ့ လုပ်ခလစာ အပြည့်အ၀ရရှိအောင် တောင်းဆိုကြတာပါ” ဟုလုပ်ခလစာ အပြည့်အ၀ ရရှိရေးတောင်းဆိုခဲ့သော ၀န်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့မှာ စီနိုဟိုက်ဒရိုဌာနခွဲတွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်မှ မလိုက်လျောသည့်အတွက် မိခင်ကုမ္ပဏီဖြစ်သောမြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်း၌ ၇ နာရီမှ ၉ နာရီအထိ လာရောက်တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်း
ဆိုချက်ကို လိုက်လျောခဲ့ခြင်းဖြစ်သည်။

by 7Day News Journal

0 comments:

Post a Comment