Pages

Wednesday, August 1, 2012

လူပြောများလာသည့်အမေရိကန်ဒေါ်လာ အဟောင်းအနွမ်းအစွန်းအထင်းပြဿနာ



မြန်မာနိုင်ငံရှိ ပုဂလိကကုမ္ပဏီများ။ဘဏ်လုပ်ငန်းရှင်များနှင့် လူမရေးအသင်းအဖွဲ့များ အနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင်  (အထူးသဖြင်အမေရိကန်ဒေါ်လာ) အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရှိရသည်၊

 
‘’ပိုက်ဆံဆိုတာ ကာရင်ဟောင်းသွားတာပဲ၊ ကျွန်တော်တိုဆီရောက်မှ ပိုက်ဆံ(ဒေါ်လာ) ပေါ်မှာ အစက်တိုဟောင်းနေတာတွေမယူဘူး။ မရဘူးဆိုတာ ဖြစ်နေတာ၊ သူများနိုင်ငံ တွေမှာဆိုရင် အားလုံးရတယ်၊ အခုက္ပုဏတော်တော်များများ အဲလို အခက်အခဲတွေကုံနေရတယ်ဟု(Ruby Land Tourism Service)မှမန်နေဂျင်းဒါရိုက်တာဦးအေးကျော် က ပြောသည်၊ 

က္ပုဏများအနေဖြင် နိုင်ငံခြားငွေကေးလဲလှယ်ရာတွင် ငွေစက္ကူများ ဖြစ်ပေါ်တတ်သော အစက်အပြောက် စွန်းထင်ခြင်း။ ဟောင်းနွမ်းနေခြင်းတိုအား လက်ခံနိုင်ပေးသင့်ကြောင်း ၄င်းတို့အမြင်ကို ပြောဆိုကသည်၊ 

‘’ဘဏ်မှာဆိုရင် အရမ်းရစ်တာပဲ ဒေါ်လာလဲမယ်ဆိုရင် ပိုက်ဆံပေါ်မှာ ဘာဖြစ်တယ်ညာ ဖြစ်တယ်ဆိုပီး မယူဘူး၊ ဒီအတိုင်းပြန်လာရတယ်၊ ဟောင်းနေရင်လည်းမလဲပေးဘူးဟု  က္ပုဏဝန်ထမ်းတစ်ဦးက ပြောသည်၊


 ဗဟိုဘဏ်အနေဖြင်လည်း အမေရိကန်ဒေါ်လာနှင်နိုင်ငံခြားငွေများအပေါ်တွင် အစွန်း အထင်များရှိခြင်း။ ဟောင်းနွမ်းနေခြင်း။ ကြေမွခြင်း ။ နံပတ်ပီသမူမရှိပါက ဒေါ်လာမှ ကျပ်ငွေလဲလှယ်ရာတွင် အခက်အခဲများ ကုံတွေနေရပြီး ဘဏ်များအနေဖြင့် အဆိုပါ အချက်အလက်များကိုလည်း သေချာစီစစ်ပီးမှ လက်ခံလေရှိကြောင်းကိုလည်း သိရှိရသည်၊

‘’ကျွန်တော်တိုဆီက အစွန်းအထင်းဖြစ်တာတို ဟောင်းနွမ်းနေတာတိုကို လက်မခံဘူး ဆိုတာ ကျွန်တော်တို့ကနေ ဗဟိုဘဏ်မှာ ဒေါ်လာကို ကျပ်ငွေသွားပြန်လဲတော့ သူတိုက နံပတ်မပီတာတွေ။ ပိုက်ဆံကဟောင်းနေတယ်ဆိုရင် လက်မခံဘူး။ဘဏ်တွေကိုလဲ အဲ့ဒီလို ဖြစ်နေရင် လက်မခံရဘူးဆိုပြီး စည်းမျဉ်းထုတ်ထားတယ်ဟု ဧရာဝတီဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောသည်၊


ပုဂလိကဘဏ်များက ဒေါ်လာမှကျပ်ငွေလဲလှယ်ရာတွင် ပြည်သူနှင့်ဘဏ်လုပ်ငန်းရှင်အကြား အခက်အခဲများရှိနေကြောင်းကို ဗဟိုဘဏ်သို့တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment