Pages

Wednesday, August 1, 2012

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနား စစ်တွေကိုရောက်ပြီ


Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီနေ့မနက်က စစ်တွေနဲ့ မောင်တော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့ တယ်လို့ သတင်းရရှိပါတယ်။

မစ္စတာကင်တားနားဟာ မောင်တောမြို့မှာ မွတ်စလင် ၅ ဦးကို 
 တွေ့ဆုံမေးမြန်းခဲ့ပြီးတဲ့နောက်၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းသွားတယ်လို့ မစ္စတာ ကင်တားနား နဲ့တွေ့ခွင့်ရလိုက်တဲ့ ဒေါ်လှသန်းဝေက RFA  ကိုပြောပါတယ်။

သူဟာ မနက်ပိုင်းမှာတော့ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ တိုင်းရင်းသားဒုက္ခသည် တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး၊ မူစလင်ဘာသာဝင်တွေခိုလှုံနေတဲ့စခန်းတချို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့ တယ်လို့ သိရပါတယ်။ 

မစ္စတာကင်တားနားဟာ မောင်တောမြို့ကနေ စစ်တွေကို ဒီနေ့ညနေမှာ
 ပြန်လည်ထွက်ခွါသွားမှာ ဖြစ်ပါတယ်။


0 comments:

Post a Comment