မြန်မာနိုင်ငံစစ်ခုံရုံးသမိုင်းမှတ်တမ်းအား ဂျပန်ရုပ်သံလိုင်းတွင် ပြသရန်အတွက် ဂျပန်နိုင်ငံရှိ တိုကျို သတင်းထုတ်လွှင့်ဋ္ဌာန မှရန်ကုန်မြို့တော်ခန်းမတွင် (၃)မိနစ်စာ မှတ်တမ်းဇာတ်လမ်းအား ဂျပန်ရိုက်ကူးရေး အဖွဲ့က လာရောက်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ဒုတိယကမ္ဘာစစ်ပွဲအတွင်းက အနိဌာန်ရုံမြင်ကွင်းများအား ဂျပန်နှင့်ကမ္ဘာမှ သိရှိစေရန် ရည်ရွယ်၍လာရောက်ရိုက်ကူးခြင်းဖြစ်ကြောင်း ရိုက်ကူးရေးအဖွဲ့ခေါင်းဆောင် Usui Tetsuro က ဆိုသည်။
ဒုတိယကမ္ဘာစစ်တွင်း မော်လမြိုင်။ ကျိုက်မရောမြို့နယ်ရှိ ရေတွင်းကုန်း။ ကုလားကုန်းရွာရှိ ရွာသူရွာသား (၆ဝဝ)ကျော်အား ၁၉၄၆ခုနှစ်က ဂျပန်စစ်ဗိုလ်များက သတ်ဖြတ်ခဲ့ခြင်း ကြောင့်အဆိုပါ စစ်ဗိုလ်များကို ခုံရုံးတင်စစ်ဆေးခဲ့သော မြို့တော်ခန်းမတွင်လာရောက် ရိုက်ကူးခြင်း ဖြစ်ကြောင်းကိုလည်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရှိရသည်။
အဆိုပါမှတ်တမ်းအတွက် ဂျပန်ရာဇဝတ်စစ်ဗိုလ်များအား ခုံရုံးမျက်နှာစာ လက်ယာဘက် လှေခါးမှ ခေါ်ဆောင်ခဲ့သည့်မြင်ကွင်း။ ခုံရုံးဖွဲ့စည်းမှုပုံစံ မြင်ကွင်း။ မဟာမိတ်အဖွဲ့များ ခုံရုံး ရှေ့ သွားလာနေသည့်မြင်ကွင်းများအတွက် ဒုတိယကမ္ဘာစစ်အပြီး စစ်ခုံရုံးအဖြစ် အသုံး ပြုခဲ့သော ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၇)ရက်နေ့နေ့လည်ပိုင်းကလာရောက် ရိုက်ကူးခဲ့ကြောင်း သိရသည်။
‘’မြန်မာနိုင်ငံမှာ ရှေးအဆက်ဆက်က လေ့လာစရာတွေ အများကြီး သိတဲ့သူက သိတယ်၊ မသိတဲ့သူက မသိကြတော့ဘူး၊ သိတဲ့သူက မသိတဲ့သူကို သိအောင် ပြောပြတာကောင်းပါတယ် ‘’ဟုဂျပန်ခေတ်အား ဖြတ်သန်းဖူးသူ အသက်(၇ဝ)အရွယ်ရှိ ဦးစောက ပြောသည်၊
မြို့တော်ခန်းမကြီးအား မြန်မာဗိသုကာပညာရှင် စည်သူဦးတင်မှ တည်ဆောက်ခဲ့ပြီး (၃)ထပ်အဆောက်ဦးပေါ်၌ မဟာမိတ်စစ်တပ်များနှင့်ဂျပန်တို့၏ စစ်ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည့်နေရာဖြစ်ပြီး လက်ရှိတွင် ရှေးဟောင်း မြန်မာအနုပညာလက်ရာ အဆောက်အဦးဖြစ်ကြောင်း ဦးစောက ဆက်လက်ပြောကြားခဲ့သည်၊
မြစ်မခသတင်းမီဒီယာ
0 comments:
Post a Comment