Pages

Sunday, June 3, 2012

မြန်မာသင်္ဘောသား ၁၅ ဦးပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီး

မြန်မာသင်္ဘောသား ၁၅ ဦး ပါဝင်သည့် M.V ORIENTAL AMBER သင်္ဘောအား အိန္ဒိယအစိုးရက ဖမ်းဆီးထားကြောင်း အဆိုပါ သင်္ဘောမှ မြန်မာသင်္ဘောသားများ၏ ပြောကြားချက်အရ သိရပါသည်။

ယင်းသို့ဖမ်းဆီးထားခြင်းမှာ
 စင်ကာပူနိုင်ငံတွင် ယူထားသော (Bunker) ဆီအကြွေးများ မပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ဖမ်းဆီးထားခြင်းဖြစ်ပြီး လေးလခန့် ကြာမြင့်ခဲ့ပြီဖြစ်ကာ မြန်မာသင်္ဘောသား ၁၅ ယောက်စလုံးမှာ ထိုအချိန်ကတည်းက လစာများရရှိခြင်း မရှိသေးဟုလည်း  သိရှိရသည်။

လစာမရသည့်ဖြစ်ရပ်နှင့် ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဖြစ်သည့် ITF၊ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DMA နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း စသည်တို့အားလည်း တိုင်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

"DMA ကို တိုင်ကြားတဲ့အခါမှာ တာဝန်ရှိသူတွေက တိုင်တဲ့အမှုတွေ အများကြီးရှိတဲ့အတွက် သက်ဆိုင်ရာအေးဂျင့်ကိုခေါ်ပြီး သတိပေးတာမျိုးပဲ လုပ်ပေးနိုင်မယ်လို့ ပြောပါတယ်''ဟု M.V ORIENTAL AMBER မှ သင်္ဘောသားတစ်ဦး၏ ဖခင်က ပြောပြခဲ့သည်။

Eleven Media Group:

0 comments:

Post a Comment