Pages

Sunday, June 3, 2012

မန္တလေးမြို့တွင် ငါးရက်အတွင်း မီးလောင်မှု လေးကြိမ်ဖြစ်ပွားခဲ့



ဖြိုးဝေကျော် (ရန်ကုန်တိုင်မ်းစ်) မန္တလေးမြို့၊ မြို့သစ်(၄)ရပ် ကွက်၊ မနော်ဟရီလမ်းတောင်ဘက်၌ မေလ ၂၇ ရက် နေ့နံနက်ပိုင်းမီးလောင်မှုအပြီး
မြင်ကွင်းကိုတွေ့စဉ်။
 
မန္တလေးမြို့၌ မေလမကုန်မီ ငါးရက်အတွင်း မီးလောင်မှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရ
သည်။ မေလ ၂၃ ရက်မှ ၂၇ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ရာ၌ ဖုန်းအားသွင်းရာမှ အပူ ရှိန်လွန်ကဲ၍လည်းကောင်း၊ နှစ်ပင် လိမ် ၀ိုင်ယာကြိုး အပူလွန်ရာမှလည်းကောင်း၊ အင်ဗာတာရှိ ဘက်ထရီပေါက်ကွဲရာမှ လည်းကောင်း၊ ဖယောင်းတိုင်မီး ထွန်းရာ မှလည်းကောင်း စတင်လောင် ကျွမ်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတွင် မေလ ၂၃ ရက်နေ့ညပိုင်း၌ မီးလောင်မှု နှစ်ကြိမ် ဆက်ဖြစ် ပွားခဲ့ကာ မေ ၂၇ ရက် နေ့မနက်ပိုင်းတွင် မြို့သစ်၊ မနော်ဟရီ လမ်း တောင်ဘက်ရှိ မြို့သစ် (၄) ရပ်ကွက် အတွင်းရှိ အိမ်တစ်အိမ်တွင် ဖယောင်း တိုင်မီးထွန်းရာမှ စတင်လောင်ကျွမ်းမှု ၌ အိမ်ခြေငါးလုံး မီးလောင်ကျွမ်းခံခဲ့ရသည်။

"မေလထဲမှာ မန္တလေးမှာ အပူရှိန်က နေလို့ထိုင်လို့ မရလောက်အောင်ကို အရမ်းပြင်းပါတယ်။ တစ်လလုံးနေလို့ မိုးက မိနစ်ပိုင်းလောက်တောင် မရွာချင်ဘူး၊ တချို့ရပ်ကွက်တွေမှာ လွန်ဆွဲကြ တာ လူတွေပဲ မောကျန်ခဲ့ရတယ်။ ဒီကြား ထဲ လျှပ်စစ်မီးက မမှန်တော့ ပိုဆိုးရော။ အဲဒီတော့ မီးရေးထင်းရေးက ပိုစိုးရိမ် ရတာပေါ့"ဟု မြို့ခံ တစ်ဦးက ယခုလ ၂၈ ရက်နေ့က ပြောသည်။

အပူရှိန်ပြင်းထန်ပြီး လျှပ်စစ်မီးရရှိ ချိန်မှာ အလွန်နည်းပါးရာ လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိရေးအတွက် လူစုပြီး ဆန္ဒ ဖော်ထုတ်ပွဲများလည်း မေလ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းမ်စ်

0 comments:

Post a Comment