Pages

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။


 ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန်လည်ဖြေဆိုခဲ့ခြင်းမရှိ့ပေ။

၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား ရောက်၍ မြန်မာဒုက္ခသည်
များနှင့်တွေ့ ဆုံခဲ့သေးသည်။

By: Popular Myanmar News Journal

0 comments:

Post a Comment