Pages

Friday, June 22, 2012

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ လယ်သမားအရေး ကူညီဖြေရှင်း


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ လယ်သမားအရေး ကူညီဖြေရှင်း

လယ်ယာမြေအငြင်းပွားမှုဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် လယ်သမားတွေအရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ သွားရောက် ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ပုဂ္ဂလိက စီးပွားရေးကုမဏီ (၁၅)ခု က သိမ်းယူထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ချောင်းရွာက လယ်မြေဧက ၁၂၀၀ ကျော်မှာ လယ်သမားတွေက ပြန်လည် ထွန်ယက်ဖို့ ကြိုးစားခဲ့ကြရာ လယ်တွေထဲကို ၀င်လို့ မရအောင် ပိတ်ဆို့တားဆီးထားတာနဲ့ ပတ်သက်ပြီး ကူ့ညီဖြေရှင်းဆွေးနွေးတာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုပြုံးချိုက ရှင်းလင်းပြောပါတယ်။

လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြတိုင်တန်းခဲ့ပေမဲ့ ထူးခြားမှုမရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိးဆက်ကျောင်းသားများအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရပါတယ်။

NLD ဒဂုံဆိပ်ကမ်းလွှတ်တော်အမတ် ဒေါက်တာမျိုးအောင် ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွှေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင် နဲ့ ရှေ့နေ ကိုဖိုးဖြူတို့ ဒီကနေ့ လယ်သမားတွေနဲ့ တွေ့ ဆုံပြီး အခြေအနေတွေ ကို မေးမြန်းဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်က လယ်ယာမြေတွေကို (ရွှေဟိန်းထက်၊ ရွှေတောင်၊ ဂွတ်ဘရားသား၊ အေးရှားဝေါလ်၊ ပင်လယ်ကိုးသွယ်၊ အမျိုးသားကြီးပွားတိုးတက်ရေး၊ ဧဒင်၊ မြရွှေဝါ၊ မက်စ်မြန်မာ၊ ဒဂုံအင်တာနေရှင်နယ်၊ မြင့်ဇေယျာ၊ ယုဇန၊ ဆင်းရွှေလီ၊ ရွှေနဂါးမင်း၊ ၀န်းရံခ စတဲ့ ကုမ္ပဏီတွေက သိမ်းယူထားတာဖြစ်တယ်လို့ သိရပါတယ်။



RFA (Burmese)

0 comments:

Post a Comment